အလောင်းပေါ်အလောင်းဆင့်သွားတာပေါ့ဗျာ အဖော်လေးပါခေါ်သွာသေးတယ်

ပေါက်ခေါင်းမှာ ပျူခေါင်းဆောင်အသတ်ခံရလို့အလောင်းလာကောက်တဲ့ စစ်သားတွေမိုင်းဆွဲခံရလို့ ထပ်သေ

နိုဝင်ဘာ ၂၅

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ရွာက စစ်အုပ်စုနောက်လိုက် ပျူစောထီးခေါင်းဆောင်စီုးမြင့်ဆိုသူ နေအိမ်မှာရှိနေချိန် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့လို့ အလောင်းလာကောက်တဲ့အဖွဲ့ကိုလည်း ပဒေသာမိုင်းနဲ့ ထပ်မံတိုက်ခိုက်ခံရလို့ စစ်သား၆ယောက်၊ ရဲ၂ယောက်ထပ်မံသေဆုံးသွားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။

ယမန်နေ့ ည ၈နာရီ ၁၅မိနစ်အချိန်က ပျူခေါင်းဆောင် စိုးမြင်းပစ်ခတ်ရှင်းလင်းခံရလို့ အင်းငါးဂွဂိတ်ကနေ ဆိုင်ကယ်၇စီး အင်အား၁၄ယောက်ပါအလောင်းလာကောက်တဲ့ စစ်အုပ်စုဝင်တွေကို ည၁၂နာရီအချိန်ကြိုပင်ဝိုင်းရွာနှင့် သစ်ရောင်းပြန်ရွာကြားတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က ပဒေသာမိုင်း (၅)လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“အလောင်းပေါ်အလောင်းဆင့်သွားတာပေါ့ဗျာ။ ခွေးတွေအတွက် နေစရာနဲ့ သွားစရာတဖြည်းဖြည်းကျဉ်းလာပါပြီ။ ကျနော်တို့ပဲခူးတိုင်းအတွင်းမှာ နေရာမျိုးစုံကနေ စခထောက်တိုင်ရော စခတွေကိုပါ ရရင်ရသလိုဆော်နေတာ”လို့တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဆိုင်ကယ်(၅)စီး လဲကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂)ဦး စုစုပေါင်း(၈)ဦး သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါမစ်ရှင်ကိုတော့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ ကပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်ဘက်ကလည်း မိုင်းဆွဲခံရပြီးနောက်မှာ ၄၀မမနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့သိရကာ သေဆုံးဒဏ်ရာရစစ်သားတွေကို ပေါက်ခေါင်းဆေးရုံဘက်သယ်သွားတယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *