တစ်ရွာ၆ယောက် အဆင်မပြေရင်မဲနှိုက်ရမယ်

ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများမှ ရေလုပ်သားများကို စစ်တပ်က လူသစ် စုဆောင်းနေ၊ နေပြည်တော်တွင်လည်း ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများမှ ရေလုပ်သားများကို အကြမ်းဖက် စစ်တပ်က လူသစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများကို ပြေးလာသည့် စစ်သားများကို စစ်တပ် စစ်ကြောင်းများက တစ်ရွာဝင် တစ်ရွာထွက် လိုက်လံရှာဖွေရင်း ကျေးရွာအတွင်းရှိ ရေလုပ်သားများကို လူသစ်စုဆောင်းလျက်ရှိကြောင်း သိရသည်။

“ကျွန်းစုမြို့နယ်၊ ပင်လယ်ရွာဘက်တွေမှာ စုဆောင်းရေးဆိုတဲ့ တပ်က လူတွေတစ်ရွာဝင် တစ်ရွာထွက် စစ်တပ်က ပြေးလာတဲ့ သူတွေကိုရှာရင်း ရွာမှာရှိတဲ့ ရေလုပ်သားတွေကို စုခိုင်းပြီး စစ်တပ်ထဲလိုက်ဖို့ စည်းရုံးနေပါတယ်။ ပါတဲ့ရွာတွေပါကုန်ကြတယ်။ နောက်တစ်ခါ ထပ်လာရင် မဖြစ်မနေလိုက်ရမယ့်ပုံမျိုး ပြောနေကြတယ်။ ပင်လယ်ပိုင်းရွာကလူတွေ ကြောက်လန့်နေကြတယ်။ ပြီးတော့ စစ်တပ်ကထွက်ပြေးလာတဲ့ တပ်သား တစ်ယောက်လည်း မိလာတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး လယ်ဝေးမြို့နယ်အတွင်း ပျူစောထီး သင်တန်း တက်ရောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြမ်းဖက် စစ်တပ်က တစ်ရွာလျှင် လူ ၆ ဦး တောင်းခံထားကြောင်း သိရသည်။

“နေပြည်တော် လယ်ဝေးမှာ ပျူစောထီး စစ်သင်တန်းတက်ဖို့ အုပ်ချုပ်ရေးမှူးကတစ်ဆင့် တစ်ရွာကို နိုဝင်ဘာ ၃၀ ရက် ကစလို့ ၆ ယောက်ပေးရမယ်တဲ့ အဆင်မပြေရင် မဲနှိုက်မယ်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *