ငပုပထွေးက ငပုအတိုင်း ယုတ်မာချက် ငါတို့ပြည်သူတွေဘေးကင်းကြပါစေ

နယ်စပ်ခြံစည်းရိုးနားရောက်လာတဲ့ စစ်ဘေးရှောင်တွေကို တရုတ်က မီးခိုးဗုံး အသုံးပြုမောင်းထုတ်

နိုဝင်ဘာ ၂၅ ၊ ၂၀၂၃

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးဝန်းကျင်မှာ ယနေ့ နိုဝင်ဘာ ၂၅ ရက်က တိုက်ပွဲပြင်းထန်နေချိန် တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုးအနီး ရောက်လာတဲ့ လောက်ကိုင် စစ်ဘေးရှောင်တွေကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မီးခိုးဗုံးအသုံးပြုကာ မောင်းထုတ်ခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၅ ဘက်နားမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး အနီးဝန်းကျင်က ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ကာ တရုတ်-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်း ခြံစည်းရိုးနားမှာ စစ်ရှောင်ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

“နယ်စပ်မှတ်တိုင် ၁၂၅ ဘက်မှာ လက်နက်ကြီးတွေတိုက်ပွဲတွေ အတော်လေးပြင်းထန်နေတော့ စစ်ဘေးရှောင်တွေကလည်း ကြောက်လန့်ပြီး မြန်မာဘက်ခြမ်း ဒီနယ်စပ်မျဉ်းအထိသွားပြီး ရပ်နားနေကြတယ်ပေါ့နော်။ အဲဒါကို တရုတ်ရဲတွေက မောင်းထုတ်တယ်။ မောင်းထုတ်တော့ နှစ်ဖက် အပြန်အလှန် စကားပြောတာတွေ ရှိခဲ့တာပေါ့နော်။ နောက်ဆုံး ပြောလို့မရတော့ တရုတ်ရဲတွေက အငွေ့ဗုံး (မီးခိုးဗုံးဟု ယူဆရ) တွေနဲ့ မောင်းထုတ်နေခဲ့တယ်”လို့ လောက်ကိုင်ဒေသ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ နံနက်ပိုင်းမှာ တရုတ် ကာကွယ်ရေး တာဝန်ရှိသူများက ရုတ်ချည်းဖြစ်ပွားလာနိုင်မယ့် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ဖို့အတွက် တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ ယနေ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး လက်တွေ့စစ်ဆင်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ အကြီးတန်းဗိုလ်မှူးကြီး ပြောစကားကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *