ချင်းပြည်ကွအဲ့လိုဖြစ်နေရမယ်

လိုင်လင်းပီမြို့၊ နယ်မြေရှင်လင်းရေးဆောင်ရွက်နေပြီး မကြာမီပြည်သူ့အုပ်ချုပ်ရေးယန္တာရားလည်ပတ်နိုင်တော့မည်

နိုဝင်ဘာလ ၂၆ ရက်

ချင်းပြည်နယ်-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့များ တတိုက်ပွဲပြင်းထန်ပြီးနောက် ပြည်သူများ စစ်ဘေးရှောင်နေရသောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လိုင်လင်းပီမြို့ကိုနယ်မြေရှင်းလင်းရေးလုပ်ပြီးပြည်သူများမြို့ထဲဝင်ရောက်ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တာရားများလည်ပတ်နိုင်ဆောင်ရွက်နေပြီလို့သိရပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေတာကြောင့် လိုင်လင်းပီ မြို့ပေါ်နေ ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာများ၊ တောခြံများနဲ့ အိန္ဒိယ ဘက်ကိုစစ်ဘေးရှောင်လာကြပါတယ်။ ခုတော့ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-Mara က နယ်မြေ ရှင်းလင်းရေးလုပ်ပြီး ပြည်သူတွေပြန်လည်ခေါ်ကာ ပြည်သူအုပ်ချုပ်တဲ့ အဖွဲ့စည်းဖြင့်ဆောင်ရွက်တော့မယ်လို့သိရပါတယ်။

ကြားကာလမရာနယ်ကောင်စီ ( Interim Maraland Council) ဖွဲ့စည်းခဲ့ကြောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ နေ့တွင်ထုတ်ပြန်ပြီး ဖွဲ့စည်းနိုင်တာကြောင့် လိုင်လင်းပီမြို့ထဲပြည်သူတွေ ဝင်ရောက်နိုင်တာပြီးတာနဲ့ အုပ်ချုပ်ရေးစတင်တော့မယ်လို့သိရပါတယ်။

“အခုလောလောဆယ်က ကြားကာလမရာနယ်ကောင်စီအကြီးအကဲတွေနဲ့ပူးပေါင်းပြီး လိုင်လင်းပီ စစ်ဘေးရှောင်တွေ ​ကို ခေါ်ပြီး အရှေ့မရာ တနယ်လုံးကို ကြားကာလ မရာနယ်ကောင်စီ မှပြည်သူ့အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်တော့မယ်” လို့ ကြားကာလမရာနယ်ကောင်စီ အရာရှိချုပ် ဆလိုင်းဂျိမ်းစ်က ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့စကစ အထိုင်စခန်းကို ဒေသခံကာကွယ် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး‌နောက် ယခုအချိန်မှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *