မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း

ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။အလွန်လွယ်ကူရှင်းလင်း၍ယနေ့ပညာရှင်များထိ သုံးစွဲနေသောတွက်ကိန်းဖြစ်ပါသည်။

တွက်ကိန်းအားပုံသေကားချမယူပဲမဟာဘုတ်စသော အခြားတွက်ကိန်းများနှင့်ညှိနှိုင်းဟောပြောလျှင်အလွန်အစွမ်း ထက် သောဟောကိန်းဖြစ်သည်။

အဟောကြည့်နည်း…

ဥပမာ – မိမိကတနင်္ဂနွေသားသမီးအခုရောက်သက် ၂၅ နှစ်ဆိုရင်တနင်္ဂနွေဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။

မိမိက တနင်္လာသားသမီး အခုရောက်သက် ၂၀နှစ်ဆိုရင် တနလာၤဇယားကွက်ထဲတွင်၂၀ကိုရှာပါ။ *ပျက်* အကွက်ထဲတွင်ရှိသောကြောင့်ထိုအဟောကိုဖတ်ပါ။

**တည်**

တည်ဆိုတာသင်္ဘောတည်ဆောက်တာကိုပြောတာပါ။လုပ်ငန်းတွေအတွက်ကြံစည်ဆဲ၊လုပ်ငန်းတွေအစပြုဆဲအခြေအနေကိုရောက်နေတယ်လို့ ပြောတာပါ။လုပ်ငန်းအတွက်ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည်။

လုပ်ငန်းအကြံအစည်အောင်မြင်မည်။ အလုပ်ရှာနေလျှင် အလုပ်ရမည်။ အလုပ်လျှောက်ထားလျှင်အလုပ်ရမည်။ အမှုကိစ္စတွေ၊ အလုပ်တွေများမည်။ ငွေဝင်များသလို ငွေထွက်လဲများမည်။

**ထွက်**

ထွက်ဆိုတာဇမ္ဗနဂိုရ်ပြည်ကသင်္ဘောစထွက်တာကိုပြောတာပါ။ ကောင်းမွန်သောမိတ်ဆွေသစ်များ တိုးမည်။ စပ်တူရှယ်ယာလုပ်ငန်းများလုပ်ရမည့်အချိန်ကောင်းပါ။ပြည်တွင်း၊ပြည်ပခရီးများသွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

**ပျက်**

ပျက်ဆိုတာ သင်္ဘောပျက်သွားတာကိုပြောတာပါ။ ကံဇာတာညံ့ချိန်ပါ။စီးပွားရေးကျဆင်းမယ်။သူများမကောင်းကြံတာခံရတတ်သည်။

မတော်တဆထိခိုက်မှုအသေးအဖွဲများကြုံတတ်သလို သေကောင် ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည်။ရာထူးလုပ်ငန်းကိုနှောင့် ယှက်မည့်သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူးသတိထားပါ။

**ကျောက်**

ကျောက်ဆိုတာမေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။

မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ်။အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။

ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ။ အမှုရှိရင်ရှိနိုင်မည်။ အချုပ်နှောင်ခံနေရရင်လွတ်မည်။ကျဆင်းနေသောစီးပွားရေးများ ပြန်တက်လာမည်။ပညာရေးလဲကောင်းမည်။အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ။ အကြံအစည်များ အောင်မြင်မည်။

**ထီး**

ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြားထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ဆုလာ ဘ်တွေရမည်။ ဘွဲ့ထူးဂုဏ်ထူးများရမည်။စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည်။ ရာထူးတိုးမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည်။

**နန်း**

နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ဟောပါ။ ရာထူးတိုးမည်။ စီးပွားဖြစ်ထွန်းမည်။အမွေအနှစ်တွေရမည်။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။

ရွေးကောက်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။ အိမ်ထောင် ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာအကြီးအကဲဖြစ်မည်။

**စံ**

စံဆိုတာ မင်းစည်းစိမ်ကိုခံယူရတဲ့ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမားတဲ့ရာထူးတွေရမည်။

သိုလှောင်ပစ္စည်းတွေကအကျိုးအမြတ်ရမည်။အခြွေအရံမိတ်ဆွေအပေါင်း အသင်းတိုးမည်။ငွေကြေးစုဆောင်းမိမည်။

ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။မသိသေးသူများသိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။

Credit to written by ဗေဒင် လက္ခဏာ

Be the first to comment

Leave a Reply

Your email address will not be published.


*