စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အညာအက်ရှင်(ရုပ်သံ)

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများ၊ စစ်ကြောင်းနှင့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ၊ စစ်ကြောင်းနှင့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ထွက်လာသည့် သံပြားကာ ကားကြီး ၄ စီးကို ရွှေဘို – မန္တလေး လမ်း​ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄ မိနစ် မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ကော့ရွာရှိ စာသင်ကျောင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ တောင်ဘက်မုဒ်ပေါက်မှ ခြေလျင်ထွက်ခွာလာသည့် အင်အား ၇၈ ဦးပါ စစ်ကြောင်း၏ ရှေ့ပြေး ကင်းထောက် စစ်သားများကို ဘုံးဘွဲ့ရွာ မြောက်ဘက်၌ တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၈ လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရွှေဘိုမြို့ မုဒ်ပေါက်အနီးရှိ ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သော Who am i ၊ Forest Fighter တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *