ပြည်သူအားလုံးပါ၀င်ဆင်နွဲနေတဲ့ပွဲဘာကခံနိုင်မလဲ

ကိုးရီးယားရောက်မြန်မာများက NUG ထံ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်းပေးပို့ခဲ့ပြီးဖြစ်

နိုဝင်ဘာလ ၂၇ ရက်

ကိုးရီးယားရောက်မြန်မာများက ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၃ခုနှစ် နိုဝင်ဘာလအထိ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထံ ကန်ဒေါ်လာ ၂ ဒသမ ၁ သန်း ပေးပို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကိုးရီးယားရောက် မြန်မာများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) ၏ ထုတ်ပြန်ချက်အရ ONE DAY CHALLENGE လှုပ်ရှားမှုအနေဖြင့် ဒေါ်လာတစ်သိန်းနှင့် ညီမျှသော ဝမ်ငွေကို NUG ထံ လစဉ် ပေးပို့ခဲ့သည်ဟု ဆိုသည်။

NUG က အဆိုပါ ထောက်ပံ့ငွေများကို ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ရေးနှင့် နယ်မြေ စိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲလျှက် ရှိကြောင်း ထုတ်ပြန်ထားသည်။

One Day Challenge ထောက်ပံ့ငွေဖြင့် NUG ၏ တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ ၃ သောင်း (၅၉၄ သိန်းကျပ်) တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀ ခု) ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခမ်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင် PDF၊ LPDF၊ UG အဖွဲ့ (၂၀၉) ဖွဲ့သို့ ကျပ် (၃,၅၄၀) သိန်းကိုလည်း “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ” အဖြစ် ပေးပို့ခဲ့သည်ဟု အသိ ပေးထားသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *