ခွင့်ရက်ပြည့်ရင်ပြကြလေ မင်းတို့ကစိတ်ဓာတ်ပဲ

သန်လျင်ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးပြီးနောက် ခွင့်ဖြင့်ပြန်နေသူများပါ ဆက်သွယ်ခြင်းမရှိတော့၍ ထွက်ပြေးသူ ၅၀ နီးပါးအထိရှိလာ

နို၀င်ဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ သန်လျင်‌မြို့ရှိ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သား ၁၇ ဦး လက်နက်အချို့ယူဆောင် ထွက်ပြေးပြီးနောက် ခွင့်ဖြင့်ပြန်နေသူများပါ တပ်သို့ ပြန်လည်ဆက်သွယ်ခြင်း မရှိတော့သဖြင့် ထွက်ပြေးသူ ၅၀ နီးပါးအထိ ရှိလာပြီ ဖြစ်ကြောင်း ရေတပ်တွင်းရှိ သတင်းရင်းမြစ်ထံက သိရသည်။

သန်လျင် ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သား ၁၇ ဦးသည် ပြီးခဲ့သည့် နို၀င်ဘာလ ၂၄ ရက်နေ့ ည ၁ နာရီ၀န်းကျင်က လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးမှုဖြစ်ပွားပြီး နောက် ခွင့်ဖြင့်ပြန်သွားသည့် ရေတပ်မှ အရာအရှိအပါအ၀င် တပ်သား ၂၉ ဦးသည်လည်း ဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ခွင့်အကြောင်းပြ၍ ထွက်ပြေးသွား ကြောင်း သိရသည်။

“ခွင့်နဲ့ပြန်နေတဲ့ အရာရှိနဲ့တပ်သား ၂၉ ယောက်ရှိတယ်။ သူတို့ကပါ တပ်ထဲကို ပြန်မလာတော့ဘူး။ ၁၇ ယောက် ပြေးတဲ့သတင်းကြားပြီးတော့ သူတို့လည်း ပြန်မလာတော့တာ” ဟု ရေတပ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရေတပ်ဌာနချုပ်မှ အရာရှိနှင့်တပ်သား ၂၉ ဦးသည် ရှေ့လ အောက်တိုဘာ လကတည်းက ခွင့်တင်ထားခြင်းဖြစ်ပြီး ရေတပ်ဌာနချုပ်သို့ပြန်လည်ရောက် ရှိလာခြင်း မရှိသည့်အတွက် ပြီးခဲ့သည့် နို၀င်ဘာ ၂၄ ရက်က ထွက်ပြေးသည့် ၁၇ ဦးအပါအ၀င် ထွက်ပြေးသူ စုစုပေါင်း ၄၆ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ခွင့်အကြောင်းပြကာ ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သည့်အတွက် တပ်တွင်း၌ အရေးပေါ် အကြောင်းပြချက်ရှိ၍ ခွင့်တင်ပါက ခွင့်ပြုပေးခြင်းမရှိတော့ကြောင်း ရေတပ်တွင်းရှိ တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အခုဆို အရေးပေါ်အကြောင်းကိစ္စဆိုရင်တောင် ခွင့်မပေးတော့ဘူး။ တပ်ထဲမှာ မနေတဲ့သူတွေ အရင်ကအိမ်ပြန်လို့ရတယ် ခုပြန်လို့မရတော့ဘူး။ အရာရှိတွေကို လည်း စစ်နေတယ်”ဟု ပြောသည်။

ခွင့်အကြောင်းပြကာ ထွက်ပြေးခဲ့သည့်အတွက် ခွင့်ပြုပေးခဲ့သည့် အရာရှိနှစ်ဦးကိုလည်း စစ်ဆေးမှုများပြု လုပ်နေကြောင်းနှင့် ယခုလိုထွက်ပြေးသည့် စစ်ကောင် စီတပ်သား များသည် ရခိုင်ပြည်နယ်ရှိ ရှေ့တန်းစစ် မျက်နှာပြင်သို့ စေလွှတ်ခံရမှုကြောင့် ဖြစ်ကြောင်း သိရသည်။

ပုံစာ-(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင်တွေ့ရသည့် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *