မန္တလေးရောက်ဖို့ လက်တစ်ကမ်းအလို တစ်ခုပြီးတစ်ခုသိမ်း

မတ္တရာမြို့နယ်ရှိ စစ်တပ် စခန်းကုန်း တစ်ခုကို မန္တလေး PDF နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ စစ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၁၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း တစ်ခုကို မန္တလေး PDF နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း ၁၅ လောင်း သိမ်းဆည်းရမိကာ ၄ ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ခေတ်သစ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *