ရှမ်းမြောက် ထပ်ရလိုက်ပြန်ပြီး အကောင်ကြီးကြီးအမီရှည်ရှည်တွေ

ရှမ်းမြောက် ထပ်ရလိုက်ပြန်ပြီး အကောင်ကြီးကြီးအမီရှည်ရှည်တွေ

ရှမ်းမြောက်တိုက်ပွဲတွင် ခမရ ၅၇၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကို MNDAA က ပစ်သတ်ခဲ့ပြီး ခလရ ၆၉ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးကို အရှင်ဖမ်းမိ

■ ကုန်ကြမ်းမြို့ရှိ တပ်စခန်းနှင် ကျောက်မဲ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးအလောင်းနှင့် လက်နက် ၈ လက်ရရှိ၊ စစ်တပ်စခန်းပေါင်း ၁၈၀ သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခမရ ၅၇၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို MNDAA က ပစ်သတ်ခဲ့ပြီး ခလရ ၆၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို အရှင်ဖမ်းဆီးရရှိကြောင်း MNDAA ၏ ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီ High Point ကို သိမ်းပိုက်ပြီးနောက် ကိုးကန့်ကုန်ကြမ်းတပ်စခန်း(၁)ခုနှင့် ကျောက်မဲ စစ်ဆေးရေးဂိတ်ကို လည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ၂၇ ရက်နေ့ ညနေအချိန်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေးစုစုပေါင်း(၁၈၀)ခု သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့် MNDAAနှင့် ကိုးကန့်ခရိုင်လုံခြုံရေးတပ်ဖွဲ့တို့က ကိုးကန့်ရှင်းဝမ့်ဒေသ ကုန်ကြမ်း ရှင်းကိုင်းနေရာရှိ စစ်ကောင်စီတပ်စခန်းကို ‌အောင်မြင်စွာတိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးပြီး သေနက် ၈ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ထို့ပြင် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ၊ ရှောက်ပတ်အိုင်နေရာသို့ထွက်ပြေးလားသော စကခ ၁၆ လက်အောက် ခံ ခလရ ၆၉ (သိန္နီ) တပ်ရင်းမှူးဒုတိယဗိုလ် မှူး ကြီးကို အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“ဟုတ်တယ် ကျနော်တို့ စကခ ၁၆ လက်အောက်ခံ ခလရ ၆၉ တပ်ရင်းမှူးကို ဖမ်းမိထားပါတယ်” ဟု MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၁၉ မိနစ်အချိန် MNDAAနှင့် TNLAတပ်ဖွဲ့တို့ပူးတွဲပြီး စစ်ကောင်စီတပ်ဖွဲ့များ အခြေချနေထိုင်သော ကျောက်မဲ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဦးစွာပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့်ထိုးစစ်တိုက်ခိုက်လာကာ ညနေ ၅ နာရီ ၂၆ မိနစ်အချိန် အဆိုပါစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်း ခမရ ၅၇၉ (မိုင်းဆတ်) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *