ရေမကူးတတ်ပဲ ဇွတ်ပြေးတာကိုး ဂန့်မှာပေါ့

ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းကိုစွန့်၍ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကြောင်း မြစ်ကူးချိန်တွင် ရေနစ်၍ ရဲ ၃ ဦး သေဆုံး၊ အလောင်းများနှင့် အတူ လက်နက်များရရှိ

ဒီဇင်ဘာလ ၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာနယ်မြေရဲစခန်းကိုစွန့်၍ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်နှင့်ရဲများ ပါဝင်သော စစ် ကြောင်းသည် မြစ်ကို ဖြတ်ကူးချိန် တွင် ရေနစ်၍ ရဲသား ၃ ဦး သေဆုံးပြီး အလောင်းများနှင့်အတူ လက်နက်များ တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ် ကန်ရွာနယ်မြေ ရဲစခန်းကို ဂန့်ဂေါခရိုင်မှ တပ်ရင်းများ၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ နှင့် နယ်မြေခံ ပကဖ များက ၅ ကြိမ်တိုင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၅၀ ဦးခန့်သည် ကန်ရွာနယ်မြေ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ကန်ရွာနယ်မြေရဲစခန်းကို စွန့်ခွာ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းသည် မြစ်သာမြစ်ကို ဖြတ်မကူးခင် ကျန်းမာရေး မကောင်းသော ရဲတပ်ကြပ် တစ်ဦးကို စွန့်ပစ်ထားခဲ့ကြောင်း၊ အုဆိပါ ရဲတပ်ကြပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းသိမ်းထား ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်အား ၁၄၉ ဦးပါ စစ်တပ်စစ်ကြောင်းသည် မြစ်သာမြစ်ကို ဖြတ်ကူးရာ ရဲသား ၃ ဦး ရေနစ်သေဆုံးခဲ့ပြီး သေဆုံးသွားသော ရဲအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်များနှင့်အတူ တွေ့ရှိရကြောင်း သိရှိရသည်။

အလောင်းများနှင့်အတူ တွေ့ရှိရသော လက်နက်ခဲယမ်းများတွင် BA 94 သေနတ် ၂ လက်၊ ကျည်ဘောက် ၁ ခု၊ 9mm ကျည် ၂၆၀ တောင့်၊ G3 ကျည် ၄၄၉ တောင့် ၊ ကျည်ဘောက် ၁ ခု ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၃ လုံး လက် ပစ်ဗုံး ၁ လုံး ၊လှံစွပ် ၁ ချောင်း၊ ခါးပတ် ၁ ချောင်း၊ Memory card ၃ ခု၊ SIM card ၂ ခု၊ ငွေ ၁၂၀၅၀ ကျပ် တိုကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ယမန်နှစ် မိုင်းမိ၍ သေဆုံးသွားသော ရဲတစ်ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *