ရွှေဘိုမြို့နယ်တွင် စခလမ်းကြောင်းဆော်ခံရ(ရုပ်သံ)

ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ဒီဇင်ဘာ ၂ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပလိုင်းကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်းWar Lord Defense Force PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ ရက်က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှ ပတ်ကင်းထွက်လာသော ၁၅ဦးခန့်ပါ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် ကျည်တကမ်းအကွာတွင် ရောက်ရှိလာ၍ ကင်းပုန်းယူထားသည့် မဟာမိတ်ရဲဘော်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး မျက်မြင်သေဆုံးကြောင်း၊ စစ်ကောင်စီတပ်က (၄၀) မမ သုံးလုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း War Lord Defense Force PDF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့အဖွဲ့နဲ့ နယ်မြေခံအဖွဲ့တွေ ကင်းပုန်းယူထားချိန် ကင်းပတ်ထွက်လာတာ။ အဲ့အချိန်မှ အထိအတွေ့ဖြစ်သွားတာ။ စစ်သား သုံးဦးကျတာက မျက်မြင်ပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပလိုင်းကျေးရွာအတွင်းမှ စစ်ကူရောက်လာ၍ ဆုတ်ခွာခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို War Lord Defense Force PDF B4-C2 နှင့် မဟာမိတ်ညီနောင်များဖြစ်သော Guardian Force PDF B4-C1၊Snake Eyes PDF B4-C-3၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နယ်ခံ (ပကဖ)များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပလိုင်းကျေးရွာသည် အိမ်ခြေ နှစ်ထောင်ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်က ပလိုင်းရွာစာသင်ကျောင်း၌ နှစ်နှစ်ကျော်ကြာ အထိုင်ကျတပ်စွဲထား၍၍ နယ်ခံပြည်သူများ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ပလိုင်းရွာ၏ အရှေ့ (၂)မိုင်ခန့်တွင် ရွာသာပျုစောထီးကျေးရွာရှိပြီး နှစ်ရွာပေါင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အားခန့်မှန်း ၁၀၀ခန့်ရှိပြီး စစ်ကောင်စီတပ်သား၂၀ခန့်ပါဝင်ကြောင်း သတင်းရရှိသည်။

(ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီတပ်အား ရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *