မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် တံတားထိပ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်ဂိတ်ကို PDF က ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန် တော်မူ
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် တံတားထိပ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဂိတ်ကို PDF က ယနေ့ နံနက်ပိုင်း ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးရဲဘော်များက ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် သင်္ကန်းညီနောင် တံတားထိပ်ရှိ ငွေကြေးကောက်ခံနေသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဂိတ်ကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ကြောင်း၊
ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း ပစ်ခတ်မှုဖြစ်ပြီးချိန်တွင် စစ်တပ်နှင့် ပြည်သူ့စစ်က ရမ်းသမ်းပစ်ခတ်သဖြင့် သင်္ကန်း ညီနောင် အေးစေတီ တောင်ပေါ်ကျောင်းမှ ဘုန်းတော်ကြီးတစ်ပါး ဝမ်းဗိုက်ကျည်ထိ နေရာတွင် ပျံလွန်တော်မူကြောင်း သိရှိရသည်။
ဒီမနက် သင်္ကန်း ညီနောင်တံတားထိပ် ငွေကောက်နေတဲ့ ပြည်သူ့စစ်ဂိတ်ကို တော်လှန်ရေးရဲဘော်တွေက ဝင်ပစ်တာ။ ပြည်သူ့စစ် ၃ ဦးသေဆုံးပါတယ်။လက်နက် ၂ လက်သိမ်းဆည်းရရှိတယ်။
တော်လှန်ရေးရဲဘော်တွေက ကားပေါ်တက်နေတုန်း မတော်တဆ ကျည်ထွက်တယ်။ အဲဒါ ကားဆီပိုက်ကို ထိပြီး ကားကျန်ခဲ့တယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှီဘူး။
ကျနော်တို့ ဆုတ်ခွာပြီး ချိန်မှာ ပြည်သူ့စစ်နဲ့ စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်လို့ သင်္ကန်း ညီနောင် အေးစေတီ တောင်ပေါ်ကျောင်းမှ ဘုန်းတော်ကြီးတစ်ပါး ဝမ်းဗိုက်ကျည်ထိ နေရာမှာ ပျံလွန်တော်မူတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် သင်္ကန်းညီနောင်တံတားထိပ်၊ မြ၀တီမြို့နယ်အဝင်များကို စစ်တပ် နှင့် BGF တပ်များက အင်အားအများအပြားဖြင့် ပိတ်ဆို့ထားပြီး အသင့် အနေအထား တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။