ဘဘတို့ပုန်းတဲ့နေအိမ်တောင်ဆော်ခံနေပီနော်

စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရတခစစ်တိုင်းမှူး၏ လျှို့ဝှက်နေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို ဒရုန်းဖြင့် တိုက်ခိုက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒဏ်ရာရဟုဆို

ဒီဇင်ဘာလ ၂ ရက်

မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှုး‌၏ လျှို့ဝှက်နေအိမ်အပါအဝင် စစ်ရေးပစ်မှတ် နေရာလေးခုကို Kamikaze Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက် ည ၉နာရီခွဲခန့်တွင် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ) နှင့် မွန်ပြည်နယ် ပကဖ၊ KNDO တပ်ရင်း(၆)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး၏ လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ် ၊ မွန်ပြည်နယ်ရဲတပ်ရင်း (၁၅)ရဲတပ်ရင်းမှူး၏နေအိမ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းမှတိုက်ခိုက်နေသော ရဟတ်ယာဉ် ယာဉ်မောင်းများတည်းခိုသည့် ရိပ်သာတို့ကို ဒရုန်းဖြင့် တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ တိုက်ပွဲများတွင် အဓိက အမိန့်ပေးညွှန်ကြားနေသော စစ်ကောင်စီ၏ ပြည်နယ်အဆင့် အရာရှိများကို အဓိကပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်ပြီး မူလက စစ်တိုင်းမှူးနေအိမ်ကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သော်လည်း အတွင်းသတင်းရင်းမြစ်အရ တိုင်းမှူးသည် မူလနေအိမ်တွင် မနေဘဲ နေရာပြောင်းရွှေ့နေလျက်ရှိကြောင်း နှင့် အဆိုပါနေရာသည် ရတခ အတွင်းရှိ ရေတံခွန်စခန်းနား ကုက္ကိုလ်ပင် ၃ပင်ကြားတွင်ရှိကာ ည ၉နာရီဝန်းကျင်ခန့်မှ ပြန်လာတတ်ကြောင်းသိရ၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းမှ ပေါက်ကွဲသံများကြားရပြီး အရေးပေါ်လူနာတင်ယာဉ်များလည်း ဝင်သွားကြောင်း ဒေသခံများကပြောသည်။

ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းအရသိရကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်နှင့် နေပြည်တော် ဒေသများတွင် fix wing drone တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိပြီး Alpha Bats တပ်ခွဲအနေဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ယခုအကြိမ် တိုက်ခိုက်မှုနှင့်ဆိုလျှင် သုံးကြိမ်တိုင်ခဲ့ပြီဖြစ်သည်။

ယခုနှစ် မတ်လအတွင်းက ပထမအကြိမ်ဆောင်ရွက်ခဲ့ရာ ရတခ အရာရှိရိပ်သာသို့ ကျရောက်ပေါက်ကွဲကာ၂ ဦးထိခိုက်သေဆုံးခဲ့သည်။ ဒုတိယအကြိမ်ကိုနိုဝင်ဘာလအတွင်းလုပ်‌‌ ဆောင်ခဲ့ရာ ၂ဦးသေဆုံး ဗျူဟာမှူးနှင့်တပ်ရင်းမှူးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရတခစစ်တိုင်းမှူး၏ နေအိမ်အား Google Earthမှ မြင်တွေ့ရစဥ်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *