စတန်းတတ်အာမီကြီးကလည်းကြောက်တတ်လိုက်တာ

နမ္မတူ ခမရ ၃၂၄ တပ်ရင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဒရုန်းများကို ကြောက်ရွံ့၍ သစ်ပင်ပေါ် Jammer ကို ကြိုးချည် တပ်ဆင်ထားရ

ဒီဇင်ဘာလ ၃ ရက်

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ခမရ ၃၂၄ တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဒရုန်းများကို ကြောက်ရွံ့၍ ဒရုန်းဖြတ်ချသည့် Jammer များကို သစ်ပင်ပေါ်တွင် ကြိုးချည်၍ တပ်ဆင်ထားရကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော ဓာတ်ပုံများအရ အဆိုပါ ဒရုန်းဖြတ်ချသည့် Jammer မှာ စစ်ကားများတွင် တပ်ဆင် အသုံးပြုသည့် Jammer အမျိုးအစား ဖြစ်ပြီး ယင်းJammer ကို မီးကြိုးနှင့် တွဲ၍ သစ်ပင်ပေါ်တွင် သစ်သားတန်းများရိုက် ကြိုးချည် တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မူဆယ် အပါအဝင် တရုတ်-မြန်မာနယ် စပ်မြို့များကို မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းယူခဲ့ရာတွင် ဒရုန်းကို အဓိက တိုက်စစ်အဖြစ် အသုံးပြု၍ မြေပြင် စစ်ကြောင်းနှင့်တွဲဖက် တိုက်ခိုက်ခြင်းဖြစ်ရာ စစ်ကောင်စီအနေဖြင့် ဒရုန်းများကို တားဆီးနိုင်သည့် နည်းပညာရရှိရေးနှင့် တန်ပြန် ဒရုန်းများဖြင့် တိုက်ခိုက်ရေး အသည်းအသန် ကြိုးပမ်းနေကြောင်း စစ်တပ် သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကောင်စီက လတ်တလော နည်းပညာမြင့် ဒရုန်းများ ဝယ်ယူနိုင်ရေး၊ ဒရုန်းဖြတ်ချသည့် လက်နက်နှင့် Jammer ကွန်ရက်၊ နည်းပညာများ ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံများထံ လိုက်လံ အကူအညီတောင်းခံနေမှုများရှိနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *