ပေါင်းတည်မှာ စကစရဲ့လမ်းပြဒလန်

ပေါင်းတည်မှာ စစ်ကောင်စီရဲ့လမ်းပြဒလန် ရှင်းလင်းခံရ

++++++++++++

ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းရွာမှာ နေထိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ထောက်တိုင် ဒလန်ရာအိမ်မှူးဆိုသူကို (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ (၁) က ရွာထဲကို ဝင်ရောက်ကာ ရှင်းလင်းပစ်ခတ်ခဲ့တယ်လို့ (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့ ည ၈နာရီအချိန်မှာ ဒလန်ရာအိမ်မှူး ဆိုသူဟာ ကြို့ကုန်းရွာထဲမှာရှိနေချိန် သေနတ်နဲ့ ပစ်ခံရကာ ဦးခေါင်း ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“အိမ်ထဲမှာပဲ သူကရှိနေတာ၊ ရှိနေတာကို အိမ်ထဲဝင်မပစ်ပဲနဲ့ သေနတ်ကို အပေါ်ထောင်ပြီး တစ်ချက်ဖောက်လိုက်တာ ပြီးတော့မှ သူ့ကိုဖမ်းခေါ်လာပြီး ရွာထဲလမ်းမပေါ်မှာ ရှင်းပစ်လိုက်တာ၊ ဘာကြောင့်ခုလိုလုပ်ရတာလဲဆိုရင် နောက်ထပ်သူ့လိုလူမျိုးတွေ ထပ်ထွက်မလာအောင် ရွာထဲမှာတင် လုပ်ပြလိုက်တာ” လို့ (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက မောင်းကိုပြောပါတယ်။

“သူ့ကို ညတွင်းချင်း စစ်တပ်က အလောင်းလာမကောက်ဘူး၊ ညဘက်ကိုလည်း ဘယ်သူမှ လာမစစ်ဘူး၊ နောက်နေ့မနက်မှပဲ အလောင်းလာကောက်တယ်၊ ရွာထဲကသူတွေကို စစ်တာဆေးတာလုပ်တယ်၊ ပြည်သူတွေကို ဖမ်းတာ ဆီးတာတော့မရှိသေးဘူး၊ ခုလောလောဆယ်တော့ ရွာကငြိမ်နေတယ်” လို့ဆက်ပြောပါတယ်။

အဲ့ဒီရှင်းလင်းခံရသူဟာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးရဲဘော်များရှိရာ စခန်းကို ကိုယ်တိုင်လမ်းလိုက်ပြတာတွေ လုပ်နေရုံသာမက မိသားစုဝင်တွေရဲ့ အိမ်တွေကိုပါ လိုက်လံပြသတာတွေ လုပ်ဆောင်နေတဲ့အပြင် သူ့ကြောင့် တော်လှန်ရေး မိသားစုဝင်များမှာ ဖမ်းဆီးခံရသူ၊ အသတ်အခံရသူတွေလည်း ရှိခဲ့တာကြောင့် အခုလိုရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *