ယနေ့ တနင်္ဂနွေနေ့ ( ၁၀.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ စက်တင်ဘာ ၁၀ ၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3130 – 3230
ဥရောပယူရို 3300 – 3440
ဗြိတိသျှစတာလင်ပေါင် 3900 – 4020
သြစတြေးလျဒေါ်လာ 1950 – 2060
ဂျပန်ယန်း 20.70 – 21.80

တောင်ကိုရီးယားဝမ် 2.25 – 2.40
အိန္ဒိယရူပီး 37.20 – 38.60
စင်ကာပူဒေါ်လာ 2180 – 2270
မလေးရှားရင်းဂစ် 670 – 690
တရုတ်ယွမ် 415 – 435
ထိုင်းဘတ် 87.70 – 90.60

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3310,000 – 3360,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3150,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ရွှေဈေးသည် 3420,000 – 3430,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်၍ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေ အပိတ်ဈေးသည် တစ်အောင်စလျှင် 1919 ဒေါ်လာခန့် ဖြစ်သည်။

လက်ရှိ ရွှေဈေးသည် သြဂုတ်လက အမြင့်ဆုံး ရောက်ခဲ့သော ကျပ် 39 သိန်းခွဲကျော်နှင့် ယှဉ်ပါက တရိပ်ရိပ် ပြန်ကျနေပြီး ယခုအခါ ကျပ် 34 သိန်းအောက်အထိ ကျဆင်းလျက်ရှိသည်။ ရွှေဈေးအပြင် ဒေါ်လာဈေးကပါ ကျပ် 3300 ဝန်းကျင်သို့ ဆက်တိုက် ကျနေကြောင်း တွေ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*