တစ်ဖြေးဖြေးအမြင်မှန်ရလာကြပြီ

ဆောမြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး မိသားစုနှင့် အတူ G-3 သေနတ်ပါ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၄

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး မိသားစုနှင့် အတူ G-3 သေနတ်ပါ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆောမြို့နယ်၊ ဆောမြို့ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ကျည် ၃၃၂ တောင့် ၊လက်ပစ်ဗုံး ၁ လုံးတို့ ယူဆောင်လာပြီး မိသားစုနှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေသည့်ကာလဖြစ်၍ စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်သားများအနေဖြင့် အသက်အာမခံချက်ရရှိအောင် အကြမ်းဖက်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးဝင်ရောက်ခိုလုံကြပါရန် တိုက်တွန်းကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံပြီးအလင်းဝင် ပူးပေါင်းပါကာ ယူဆောင်ခဲ့သော လက်နက်အမျိုးအစားပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားပါမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း က အသိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *