ဒင်းတို့တစ်တွေ အမြစ်ဖြတ်မှပြည်သူတွေအေးချမ်းမယ်

■ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်းလာသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် မသန်စွမ်း အမျိုးသမီး ၁ ဦးကို ဖမ်းဆီး၍ မုဒိမ်းပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဥ် ၁ ဦး ဖမ်းဆီးရမိပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ကို စစ်သား ၃၀ ခန့်သည် စစ်ကြောင်းထိုးလာပြီး ပြည်သူများ၏ စက်လှေ ၃ စီးကို မီးရှို့ ဖျက်ဆီးကာ ဆယ်ရွာမှ ပြည်သူ ၁ ဦး၏ နေအိမ်အတွင်း ဝင်ရောက်တပ်ဆွဲ၍ အိမ်ရှင် အမျိုးသားဖြစ်သူအား အရက်ဝယ်ခိုင်းကာ အိမ်ရှင် အမျိုးသမီး ဖြစ်သူကို မုဒိန်းမှုကျူးလွန်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးသည် ဆယ်ရွာမှတဆင့် လယ်ကြမ်းတောမှ ပြည်သူများကို ပေါ်တာဆွဲစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် မသန်စွမ်း အမျိုးသမီး ၁ ဦးကို လမ်းပြရန် ဖမ်းဆီး ခေါ်ဆောင်ပြီး မုဒိန်းကျင့်၍ လင်းနေစန်း ကျေးရွာ ဘုန်းကြီးကျောင်း၌ တည်းခိုနေစဥ် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးစဥ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး ရဲဘော်များ ဝင်ရောက် ဖမ်းဆီးစဥ် ရောသက် ဆိုသည့် စစ်သား ၁ ဦးကို သေနတ် ၁ လက် ၊ ကျည် ၁၂ တောင့်နှင့်အတူ လက်ရ ဖမ်းဆီးရမိပြီး ကျန် စစ်သား ၂ ဦးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့သည် ကားဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် စစ်သား ရောသက်ကို စစ်သုံ့ပန်းအခွင်အရေးအရ ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိသော်လည်း ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တော်လှန်ရေး ရဲဘော်များ အိပ်ပျော်နေစဉ် ထွက်ပြေးသွားသည့်အတွတ် ကင်းတာဝန်ကျ ရဲဘော် ၂ ဦးက လိုက်လံပစ်ခတ် ဖမ်းဆီးစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၃၀ ထဲက စစ်ခွေး တချို့က ဆယ်ရွာ သူတို့တပ်စွဲတဲ့ နေအိမ်က အမျိုးသမီးကို အရင်မုဒိန်းမှု ကျူးလွန်ဖို့လုပ်တာ မအောင်မြင်ဘူး။ အဲစစ်ခွေး ၃၀ ထဲက ၃ ကောင်က လင်းနေစန်းကျေးရွာဖက်ကို ထွက်လာရင်းနဲ့ လမ်းမှာ မသန်စွမ်း အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့တယ်။ အဲစစ်ခွေး ၃ ကောင်က အေးမြသာယာက ပြည့်တန်ဆာရုံကို သွားဖို့ ဘုန်းကြီးကျောင်းမှာ တည်းခိုနေရင်း မိတာ ကျန်တဲ့ ၂ ကောင်က ဘုန်းကြီးနဲ့ အတူတူ ထွက်ပြေးသွားတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်းလာသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာတွင် နေထိုင်သည့် အပတ်စဉ် ၁ ပျူသင်တန်းဆင်း စစ်တပ် သတင်းပေး လှနိုင်ကို ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅ တို့မှ သစ်ပုတ်ရွာတောင်ဘက် ၁ ဖာလုံခန်အကွာတွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော လှနိုင်ထံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်သွယ်နေသော ဖုန်းတစ်လုံးကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ပျူစောထီး သင်တန်းဆင်း လှနိုင်​သည် စစ်သားများ ခေါ်ဆောင်၍ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်း၊ မိန်းကလေးငယ်များကို PDF ဟုစွပ်စွဲပြီး လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်ခြင်း၊ ရွာထဲတွင် ၎င်းသတင်းပေးပို့ မှုကြောင့် ရှောင်တိမ်း နေရသူ အများအပြားလည်းရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်နေပြီဖြစ်သောကြောင့် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ သတင်းပေး ဒလန်များ အားလုံး အမြန်ဆုံး အလင်းဝင်ကြပါရန် သတိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *