ကိုရီးယားကတော့ပြတ်သားတယ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံသံအမတ် ဆုပြန်ရုတ်သိမ်းခံရ

ဒီဇင်ဘာလ ၆ ရက်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကိုရီးယားသံအမတ် သန့်စင်််ကို Korea Consumer Global Council က ပေးလိုက်တဲ့ 2023 Best Ambassador Award ဆုကို ပြန်လည်သိမ်းဆည်းလိုက်တယ်လို့ အဲ့ဒီအဖွဲ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေ နဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်တွေကြောင့် ခုလိုပြန်လည် ရုတ်သိမ်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

အခုလိုအကြမ်းဖက် သမား လက်အောက်ခံ ကို ဆုပေးမိတဲ့အတွက်လည်း ကိုရီးယားနိုင်ငံမှာရောက်ရှိနေထိုင်ကြတဲ့ မြန်မာပြည်သူတွေကိုလည်း တောင်းပန်တယ်လို့ Korea Consumer Global Council ကကြေညာထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *