ကိုလှ‌ရွှေတို့ဒီလိုကျတော့မျက်နှာငယ်လေးနဲ့

ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထားကြောင်း TNLA က ပြောဆိုထုတ်ပြန်ထားသည်။

ကျောက်မဲမြိုနယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်သုံးပန့် ၂ ဦး၊ ရဲ ၃ ဦး၊ ၆၀နှင့် ၈၀ မမ လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယခုတပ်စခန်း ၂ ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *