မြိတ်မြို့အခြေစိုက် ၊ အမှတ် ၉၁၈ စစ်အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး စာရေး ၁ ဦး အလင်းဝင်

မြိတ်မြို့အခြေစိုက် ၊ အမှတ် ၉၁၈ စစ်အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး စာရေး ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၉

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အမှတ် ၉၁၈ စစ်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က မြိတ်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ စစ်တပ် စစ်အင်ဂျင်နီယာ တပ်ရင်း အမှတ် ၉၁၈ မှ တပ်ကြပ်ကြီးစာရေး(ပ) အဆင့်ရှိသူ မိုးကျော်သူသည် ကျားသစ်နက်စစ် ကြောင်းသို့ ဆက်သွယ်ကာ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုသည် တနေ့တခြားယိုယွင်းပျက်စီးလျက်ရှိပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများအနေဖြင့် ပြည်သူလူထုကို ကာကွယ်ရန် တာဝန်ခံသူများဟု ခံယူထားပါက ပြည်သူ့ ဘက်သို့ အမြန်ဆုံးရပ်တည်ပူးပေါင်းကြရန်နှင့် CDM၀င်လာသော တပ်သားများ၏ လူသား ဂုဏ် သိက္ခာကို ထိန်းသိမ်းကာ ဘ၀အာမခံချက်ရှိသော အစီအစဉ်များဖြင့် ကျားသစ်နက်စစ်ကြောင်းမှ

နွေးထွေးစွာ ကြိုဆိုနေမည်ဖြစ်ကြောင်း အသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *