နံနံသီးတွေကျွေးပြီး မွှင်းခါးချက်လိုက်တဲ့ (ရုပ်/သံ)

မုံရွာ-အရာတော် လမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကြောင်းမှူး ၁ ဦး သေဆုံး (ရုပ်/သံ)

ဒီဇင်ဘာ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ လိုက်ပါလာတဲ့ သံပြားကာ ယာဉ် ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ Danger Force LPDF တပ်ဖွဲ့မှ သတင်းရရှိပါ တယ်။

နံနက် ၈ နာရီ ၇ မိနစ်ခန့်က မုံရွာ – အရာတော် လမ်းပိုင်း ထူးရာရသေ့ကျောင်းမှ အရာတော် စခတ ၁၀ တပ်ကို မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြားကာ ယာဉ် ၂ စီးကို ထူးရာရသေ့ကျောင်းအကျော်မှ ကမ်းဖြူကျေးရွာအထိ

တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းပွိုင့် ၁၁ နေရာ (မိုင်း အလုံး ၆၀) ၊ လက်နက်ငယ်တွေနဲ့ ကိုက် ၅၀ အကွာအဝေးမှ ၂ နေရာခွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဗိုလ် ၁ ဦးပေါင်ထိ ဒဏ်ရာ အပြင်းအထန်ရရှိကာ စစ်ကြောင်းမှူး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အခြားစစ်သား ၁၈ ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ထူးရာရ​သေ့ကျောင်းမှာ ကျန်ရှိနေတဲ့ တပ်သားများ စစ်ကြောင်း ၁ ကြောင်း ၊ ကျွန်းဖိုပင်ကျေးရွာမှ စစ်ကြောင်း ၁ ကြောင်း ၊ တုံးတင်ကန်ကျေးရွာ မှ စစ်ကြောင်း ၁ ကြောင်းတို့ဖြင့် ကမ်းဖြူကျေးရွာကို ရောက်ရှိလာကာ ခေတ္တ တပ်စွဲပြီး အရာတော်မြို့ထဲကို ဝင်ရောက်သွားတယ်လို့ သိပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင်အထူးလှုပ်ရှားတပ်ဖွဲ့ ၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့ ၊ AMT မြေပြင်ပျောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနီ တပ်ဖွဲ့ ၊ ဒုံးပျံ တပ်ဖွဲ့ ၊ သပြေညိုပျောက်ကြားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂၇) နဲ့ DRA တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *