ဒရုန်းနဲ့ အုန်းလိုက်တာ ၃ကောင်တုံးကနဲပဲ

ကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးများနှင့် အကြမ်းဖက် စစ်တပ် ပူးပေါင်းအဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ တို့ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲဖြစ်ပွားအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Dragon Squad မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့​ကြောင်း၊ ထိတွေ့တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ အခြေအနေ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ မှဦးဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း -၂ တပ်ခွဲ ၂ ၊ တနင်္သာရီမြို့နယ် ပကဖ ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန – Drone လက်ရုံးတပ်ဖွဲ့ Drogon Squad တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။khitthit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *