ငပုကြောက်တဲ့ဝေဟင်တပ်ကြောင့်၂ကောင်ဂန့်(ရုပ်သံ)

ရွှေဘိုမြို့ သီးလုံးကျေးရွာရှိ ပြည်သူ့စစ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ ဗုံးသီးကြဲချ

ပြည်သူ့စစ် ၂ဦးထိခိုက်ဒဏ်ရာရရှိ (ရုပ်/သံ)

+++++++++++++++++

ဒီဇင်ဘာ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နောက်ခြမ်း၊ သီးလုံးရွာရှိ ပြည်သူ့စစ်စခန်းကို ဒေသခံတော်လှန်ရေး အင်အားစုတွေက ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက တဆင့်သိရပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်မှာ ဗုံးသီး ၁၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၇နာရီ အချိန်မှာတော့ နောက်ထပ် ဗုံးသီး ၁၂လုံးနဲ့ ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်စခန်းထိမှန်ပြီး ပျူစောထီး ၂ဦးမှာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်မှုကိုတော့ Shwebo Crocodile အဖွဲ့၊ တန (၂) မဟာမိတ် တပ်ပေါင်းစုညီအကိုများ၊ နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ)၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင် (ဒပယ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *