မြဝတီ-ကော့ကရိတ် လမ်းပိုင်းကတော့မိုက်နေပြီ

မြဝတီ-ကော့ကရိတ် လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီဟုဆို

++++++++++++++

ဒီဇင်ဘာ၊ ၁၀

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လမ်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်း မှ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်အုပ်စု အာဏာတည်မြဲရေး အတွက် အသုံးချခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း လုပ်ဆောင်လျက်ရှိသည့် မြဝတီ-‌ကော့ကရိတ် လမ်းပိုင်းကို နိုဝင်ဘာလနှောင်းပိုင်းမှစ၍ NUG MOD တောင်ပိုင်းစစ်ဒေသ လက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းနှင့်အတူ မဟာမိတ် အဖွဲ့များမှ ပူးပေါင်းကာ ထိန်းချုပ်လိုက်ခြင်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရဲ့ အဓိက လမ်းပိုင်းကို ထိန်းချုပ်လိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းမှုတွေကို ဖြတ်တောက်နိုင်ဖို့နဲ့ လမ်းပိုင်းရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*