12.September.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆုတ်(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။

ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၃)လုံး ဇယျာတီထိကျရောက်နေတဲ့နေ့ရက်လဲဖြစ်ပါတယ် ။ ဒါကြောင့်ဒီနေ့ မှာ အခက်အခဲတွေကောင်းစွာကျော်လွှားနိုင်ပါတယ်။ ဘာလုပ်လုပ်ရဲရဲရင်ဆိုင်ပြီးတော့ ရဲရဲရှေ့တိုးလုပ်ကိုင်မှအဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ သမားတော်ကောင်းတွေနဲ့ တွေ့ရကြုံရတတ်ပါတယ်။

အသင်းအဖွဲ့တွေမှာဝင်ရောက်တာမျိုးတွေအထူးကောင်းပါတယ်။ စာပေနှင့်စာနယ်ဇင်းလုပ်ငန်းများကိုလဲ ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ အောင်မြင်ခြင်းကိုပေးစွမ်းတဲ့တီထိဖြစ်တာကြောင့် အရာရာနောက်တွန့်နေတာမျိုးမလုပ် ဘဲ ရဲရဲရှေးတိုးဆောင်ရွက်ပါ။

အရောင်းအဝယ်အလုပ်များ၊ကုန်သွယ်မှုလုပ်ငန်းများ အထူးကောင်းပါတယ်။ အထိုင်မဟုတ်ဘဲ လှုပ်ရှားနေရတဲ့ အငြိမ် မနေရတဲ့အလုပ်တွေပိုမိုတိုးတတ်မဲ့နေ့ရက်ပါပဲ။ ကုမ္ပဏီများ မိမိဝန်ထမ်းတွေကို စွမ်းရည်မြင့်အောင် သင်တန်း တွေ ပေးသင့်တဲ့နေ့ရက်ပါပဲ။

ထီဝါသနာပါသူများထီကံစမ်းသင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။7/9/0 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်း လိုက်ပါ။မိမိကုန်ပစ္စည်းကို ပြည်တွင်းပြည်ပသို့ ထိုးဖောက်ခြင်းတွေ၊ ကုန်ပစ္စည်းသစ်ကို ဈေးကွက်မှာထိုးဖောက်ခြ င်းတွေစတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာအဓိဋ္ဌာန်ဝင်ခြင်း၊ ဂါထာမန္တာန်ကိုသိဒ္ဓိတင်ခြင်းတွေလဲ စတင်ဆောင်ရွက်လို့ကောင်းပါတယ်။ ကလေးအမည် မှည့်ခေါ်ခြင်း၊ ထမင်းစတင်ခွံခြင်းများလဲ ဆောင်ရွက်လို့ကောင်းတဲ့နေ့မျိုးပါပဲ။ ခရီးကိစ္စများ အလုံးစုံကောင်းနေတတ် ပါတယ်။ ခရီးတိုပဲဖြစ်ဖြစ်၊ခရီးရှည်ပဲဖြစ်ဖြစ်သွားလို့ကောင်းပါတယ်။

ယနေ့တွင် တောင်တက်ခရီးများ သွားလာခြင်းမပြုရပါ။ ဆေးဝါးစတင်ကုသရန် ရက်ကောင်းဖြစ်သည်။ ပညာသင်တန်း များ စတင်တက်ရောက်သင်ကြားခြင်း၊ မပြုရပါ။ မခိုင်မမာဖြစ်တတ်ပါသည်။ ကုန်သွယ်စီးပွားရေးရာ ကိစ္စများ တစ်ပိုင်း တစ်စ ဖြစ်တတ်သည်။ လူတို့ စကားမတည်။ ငွေချေးက ဆုံးတတ်သည်။

အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၅၉)နာရီမှ ည(၂၂:၅၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကရကဋ်စန်း၊အဿလိဿနက္ခတ်နဲ့စန်းယဉ်မွေးသူ၊သိဟ် ရာသီဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် စိတ်ခက်ထန်ကြသူတွေဖြစ်တယ်။ မဟုတ်တာလာလုပ်ပါက ငုံ့ခံနေကြ မည်မဟုတ် ပေ။ ဒီလိုနေ့မွေးသူတွေဟာ လက် ဝှေ့ သမားများ၊

အားကစားသမားများ၊ စစ်လက်နက်ကို ကိုင်တွယ် အသုံးပြု ရသူများ၊ အဆောက်အဦးတည်ဆောက် သူများနှင့် စက်ပိုင်ဆိုင်ရာအင်ဂျင်နီယာများအဖြစ် လက် တွေ့ ဘဝမှာ အများ အပြားမြင်ရ လေ့ရှိပါတယ်။စူးစမ်းတတ် တဲ့အကျင့်လေး ပါတာမို့အရာရာသိလွယ်တတ် လွယ်ကြ ပါတယ်။

အတု ခိုး လွယ်သူဖြစ်တာမို့ မိဘတွေကသာ ကလေး ရှေ့ မှာ စရိုက်ကြမ်းကြမ်းတွေထုတ်ပြရင် ကလေးစရိုက် ကြမ်းသွားနိုင်ပါ တယ်။ ဒါလေးတော့ အထူးသတိထားပါ။ တော်မယ်၊ ထက်မယ်၊ သွက်မယ်၊ ခေါင်းဆောင်စိတ်ရှိမယ်။ လက်မြန် ခြေမြန် စိတ်မြန် ဇာတာအမျိုးအစားပါ။ အကျိုး စီးပွားရှာဖွေရာမှာ ထက်မြက်တဲ့ ဖွားဇာတာအမျိုးအစား မုချဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃:၀၆) နာရီမှ ညနေ(၀၄:၃၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊သောကြာ၊သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထီးတစ်လက်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။ Credit- ဆရာ ငြိမ်းအေးလူ

Be the first to comment

Leave a Reply

Your email address will not be published.


*