နုကြည် ဒု-ကကရဝန်ကြီးတောင်ပိုင်းအဖွဲ့တွေနဲ့တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒု-ကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွက် မှ မွန်ပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေနှင့် မြေပြင်မှာတွေ့ဆုံခဲ့

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ ။

မွန်ပြည်နယ်တောင်ပိုင်းဒေသမှာရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို NUG ကာကွယ်ရေးဌာနမှ ဒုဝန်ကြီး နိုင်ကောင်းရွက်က မြေပြင်မှာသွားရောက်တွေ့ဆုံခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထံကနေ သိရှိရ ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီးအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်း (၈)ဖွဲ့ နှင့်တွေ့ဆုံခဲ့ပြီး တပ်ဖွဲ့တွေရဲ့ အခက်အခဲနှင့် လိုအပ်ချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ နိုင်ကောင်းရွက်မှ တော်လှန်ရေးရဲဘော်တွေနဲ့ သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့တယ်လို့ ရဲဘော်တွေထံကနေ သိရှိရပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီး လာရောက်တွေ့ဆုံတာဟာ တောင်ပိုင်းဒေသစစ်ဆင်ရေးကို စိတ်ဝင်စားတာဖြစ်တယ်လို့ ရဲဘော် ၁ ဦးက Rehmonnya-FM ကိုပြောပါတယ်။

“ ကျနော်တို့တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ ရဲဘော်တွေနဲ့လည်း တွေ့ဆုံပြီးတော့ အားပေးစကားတွေပြောသွားတယ်၊ ကျနော်တို့ဘက်က အခက်အခဲ လိုအပ်ချက်တွေလည်းတင်ပြနိုင်ခဲ့တယ်။ ရှေ့လျှောက်လည်း စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေလည်း ဖော်ဆောင်သွားမှာပါ”လို့ သူကဆက်ပြောပါတယ်။

မွန်ပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့ပူးပေါင်းပြီး အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်တဲ့အထိ အတူတကွပူးပေါင်းတိုက်ပွဲဝင်သွားဖို့ကိုလည်း ပြီးခဲတဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သစ္စာရေသောက် အဓိဌာန်ပြုထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *