နာရေးကားနဲ့လာတာကိုး နာရေးဖြစ်ကုန်ပီပေါ့

ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ထော်လာဂျီနှင့် နာရေးကားတို့ဖြင့် လိုက်ပါလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်​သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုတ်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ညှောင်ပင်ရိုးကျေးရွာကို ထော်လာဂျီ ၂ စီးဖြင့် ရောက်ရှိနေသော စစ်သား ၄၀ ကျော်သည် ညှောင်ပင်ရိုးကျေးရွာမှ သားကြင်ရွာကို ထွက်ခွာလာစဥ် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထော်လာဂျီ ၁ စီးနှင့် နာရေးကား ၁ စီး ပျက်စီး သွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ သားကြင်ရွာတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ငါန်းဇွန် ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော tgyr ပြောက်ကျားအဖွဲ့ ၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားအဖွဲ့ ၊ လက်ရုံးပြောက်ကျားအဖွဲ့ ၊ ငန်းနက် ပြောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပြာက်ကျားအဖွဲ့ နှင့် ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *