ပရုတ်လုံးလေးတော့ လုံးပါးပါးပြီ တင့်ကား ၂စီးထပ်သိမ်းလိုက်ပြန်ပြီဟေ့

၁၀၅ မိုင်ကို ရလိုက်တော့ မူဆယ်လဲ မကြာခင်ရမှာပဲ

မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်

စစ်ကောင်စီဗျူဟာကုန်းကို မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ပူးပေါင်းတပ်တွေက ယာယီ ထိန်းထားနိုင်ခဲ့ပေမဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့

ကတုတ်ကျင်းတွေ ကျန်နေလို့ ညပိုင်း ၆ နာရီမှာ လုံးဝရှင်းလင်း နိုင်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တင့်ကား ၄ စီးထဲက ၂ စီးကိုလည်း MNDAA ကသိမ်းလိုက်ပြီး ကျန် ၂စီးကိုတော့

စစ်ကောင်စီတပ်က မူဆယ်ဘက် မောင်းပြေးသွားကာ စစ်ကောင်စီ ဗျူဟာမှူးနဲ့လည်း လက်ရှိအထိ အချိတ်အဆက်မရဘူးလို့ သတင်းထွက်ပေါ်နေကြောင်း ဒေသခံ တွေထံက သိရပါတယ်

၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ၁၀၅ မိုင်ဘက်ရော မူဆယ်မြို့စွန်ဘက်က မန့်မိုင်တောင်ကုန်းဘက်ကိုပါ ‌စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ရော ဂျက်တိုက်လေယာဉ်နဲ့ပါ သုံးလေးကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ Source – DVB







Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *