နာနတ်သီး နှစ်လုံးကြွေး မွင်းခါးခြောက်ပွဲဂန့်

နတ်တလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phonex D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် နတ်တလင်းမြို့နယ်အရှေ့ တောင်ညို ရဲစခန်းမှ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကွမ်းစမ်း သင်္ချိုင်းကုန်းအရောက် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရစစ်သားများကို ထော်လာဂျီ ဖြင့် သယ်ဆောင်ကာ ကွမ်းကျယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့သို့ သေဆုံးဒဏ်ရာရ စစ်သားများကို ကွမ်းကျယ်ဆေးရုံသို့ ပို့ဆောင်ပြီးနောက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျန်အင်အားများ ထပ်မံစုစည်းပြီး စစ်ကြောင်းထွက်လာရာ ကွမ်းစမ်းကျေးရွာ ထိပ် ဧက ၁၀၀ ကျွန်းစိုက်ခင်း အရောက် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထပ်မံ ထိ ခိုက်သေဆုံးမှုရှိပြီး တောင်ညိုရဲစခန်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရဲမပါဘူး၊ တပ်မ ၆၆ နဲ့ ကပစ က စစ်ခွေးတွေချည်းပဲလို့ သိရတယ်။ မိုင်း ၂ ကြိမ်ဆွဲခဲ့တာ၊ သေတာ က အခုထက်ပိုများတယ်၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီး ပြန်ဆုတ်သွားပါတယ်” ဟု နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phonex D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoneix D F (နတ်တ လင်း ပြည်သူ့ကာကွယ်ရေး)တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအတွင်းသို့ အဆက်မပြတ် စစ်ကြောင်းထိုးနေမှု တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအနီးတွင် နေထိုင်ခြင်း၊ စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခရီးအတူသွားလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆက်အသွယ် ပြု လုပ်ခြင်းကို ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *