အရှင်တေရော အတေတေရော ပုံနေတာဘဲတဲ့ဗျို့

ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်စခန်း နှစ်ခုသိမ်းပိုက်မှု ၁၅ဦး အရှင်မိထားဟု KIA စစ်ရေးသတင်းရင်းမြစ်ပြော

တာလောကြီးကို KIA အလုံးစုံထိန်းချုပ်ထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကို အရှင်ဖမ်းမိထားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၁၅ရက် နံနက်အစောတွင် ဝိုင်းမော်မြို့နယ် တာလောကြီးဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် ရွှေညောင်ပင်အနီး ပေါ်(ဘော်)ဆာဒီးရွာရှိ ပြည်သူ့စစ်ဂိတ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီမနက် ၃နာရီကနေ ၆နာရီ အတွင်း ဝိုင်းမော်မြို့နယ် တာလောကြီးမြို့ရှိ စကစ လက်အောက်ခံပြည်သူ့စစ်စခန်းကို KIA တပ်ဖွဲ့ဝင်များတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ ၁၀နာရီ ၄၀မှာ တာလောကြီးမှ ရွှေညောင်ပင်လမ်းပေါ်ရှိ ပေါ်ဆာဒီး ရွာရှိ ပြည်သူ့စစ် ဂိတ်စခန်းကိုလည်းသိမ်းပိုင်နိုင်ခဲ့တယ်။

စကစစစ်တပ်မှလေကြောင်းပစ်ကူ ၄ ကြိမ်ပြုလုပ်ခဲ့တာရှိတယ်။ အခုချိန်တာလောကြီးမြို့ကို KIA မှအလုံးစုံထိန်းချုပ်လိုက်ပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ဦးကို အရှင်ဖမ်းမိထားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီ ပြည်သူ့စစ်စခန်း နှစ်ခု သိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။

ထိခိုက်သေဆုံး အခြေအနေများကို မသိရသေးဟု ၎င်းက ဆိုသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီကလည်း လိုင်ဇာအနီးဝန်းကျင်နှင့် မိုင်ဂျာယန်ဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသူအချို့အပါအဝင် အရပ်သားထိခိုက်မှုရှိခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*