လွှမ်းမိုး (၁၉၅၄-၂၀၀၁) သည် မြန်မာနိုင်ငံသား ဂစ္တာသမား တေးရေး တေးဆို သရုပ်ဆောင် အနုပညာရှင်တဦး ဖြစ်သည်။
ငယ္ဘဝ
၁၉၅၄ ခုနှစ် ဇြန္လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အလုံမြို့နယ် ကွင်းချောင်းလမ်း တွင် မွေးသည်။ ဘခင်မှာ ပြဲစား ဦးစံမြင့် မိခင်မှာ ဒေါ်ခင်အေး ဖြစ်သည်။ နောက်ပိုင်း မိဘမ်ား သာကေတ သို့ ရွှေ့ပြောင်းသဖြင့်အတူလိုက်ပါခဲ့ရသည်။[၁] ငယ်နာမည်မှာ စိုးစိုး ဖြစ်သည်။ မဟုတ်မခံစိတ်ရှိသဖြင့် ငယ်စဉ်ကစိတ်မြန်လက်မြန်သမားဖြစ်ခဲ့ဖူးသလို အဆိုတော်ဘဝ တွင်လည်း နယ် စတိတ်ရှိုးအချို့တွင် ခိုက်ရန်ဖြစ်ပွားခြင်းအချို့ ရှိခဲ့ဖူးသည်။ ကျောင်းနေသည့် ငယ်စဉ်ဘဝကပင် ဂီတကို ဝါသနာ ထုံခဲ့သည်။ ခြောက်တန်းတွင် ကျောင်းအထုတ်ခံခဲ့ရပြီးနောက် သာကေတမြို့နယ် ရပ်ကွက်များ၏ လမ်းများတွင် ညဖက် ဂစ္တာတီး သီချင်းဆိုခဲ့ကြသည့် စိုးစိုးနှင့် ငယ်ချင်းများမှာ ရပ်ကွက်လူကြီးများ၏ လမ်းသူရဲ စိန်ဂေါ်လီ ကြောက်ရွံ့မှုအခံကြောင့် ရပ်ကွက် အမြင် မကြည်သော လမ်းသူရဲအုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သနားကြင်နာတတ်ပြီး အကူအညီပေးတတ်သဖြင့် ခင်မင်သူများအကြားတွင်မူ လူချစ်လူခင်များသူ တယောက်ဟု သတ်မှတ်ခံရလေသည်။
ပညာရေး
အခြေခံပညာကို သာကေတ အထက (၃) တွင် သင်ယူခဲ့သည်။ ခြောက်တန်းနှင့် ကျောင်းအထုတ်ခံခဲ့ရသည်။ ဂီတပညာကို ကိုသဲသဲ (ကိုပီတာ) ထံတွင် လေ့လာသင်ယူဆည်းပူးခဲ့သည်။[၁]
မိသားစုဘဝ
အိမ်ထောင်မကျမီထိ ရန်ကုန် သာကေတမြို့နယ် ရန်ပြေ (၁၇) လမ်း မိဘများအိမ်တွင် နေထိုင်ခဲ့ သည်။ [၁] ၁၉၈၀ ပြည့်နှစ် တွင် ဒေါ်မို့မို့မြင့်အောင် နှင့် အကြောင်းပါသည်။ ၁၉၈၃ ခုနှစ်တွင် ဒေါ်မို့မို့မြင့်အောင် နှင့် ကွာရှင်းပြတ်စဲသည်။ ၁၉၈၈ တွင် ဝန်ကြီးချုပ်ဦးမောင်မောင်ခ ဒေါ် ခင်ခင်လေး တို့၏သမီး နုနုခ (ဒေါ်နုနုရီ) နှင့် အကြောင်းပါသည်။
ဘဝနိဂုံ
၂၀၀၁ ခု၊ ဇူလိုင်လ ၁၀ ရက် နံနက္က ရန်ကုန်မြို့တွင် ကားမတော်တဆမှုဖြစ်ကာ ရုတ်တရက် ကွယ်လွန်သည်။
ဂီတဘဝ
ငယ်စဉ်ကပင် ဂီတကို ဝါသနာထုံခဲ့ပြီး ဆရာမ သီချင်းတွင် ငယ်စဉ်က ဂီတဝါသနာ အကြောင်းကို စပ်ဆိုခဲ့သည်။ ဝါသနာတူ သူငယ်ချင်းများနှင့် အတူစုပြီး ဂစ္တာတီး၊ သီချင်းဆို၊ သီချင်းရေးခြင်းများပြုလုပ်ခဲ့သည်။ ဂီတ သင်ဆရာ ကိုပီတာ နှင့် တွေ့ဆုံပြီးနောက် ဂစ်တာသမားအဖြစ် အသက်မွေးခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် သာကေတ မွ စိုးစိုးကို ရန်ကုန်ရှိဩစတြေးလျ သံရုံးတွင် အလုပ်လုပ်နေသူ မေဘဘီ က ရင်းနှီးငွေ ကျပ် တစ်သိန်း မတည်ပေးသဖြင့် ရန်ကုန်သားလေးကျနော်ပါ တေးစုကို ထုတ်လုပ်ခဲ့သည်။ ရန်ကုန်သားလေးကျနော်ပါ တေးစုမှာ ထိုအချိန်က တနိုင်ငံလုံး အတိုင်းအတာအထိ အောင်မြင်မှုရခဲ့သဖြင့် အဆိုတော်လွှမ်းမိုး အဖြစ် အနုပညာခရီး စတင်နိုင်ခဲ့သည်။
အတီးသမားဘဝ
အဆိုတော်အဖြစ်မအောင်မြင်မီက ဂစ်တာအတီးသမားအဖြစ်ရပ်တည်ခဲ့ကာ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းတွင်လည်း The King တီးဝိုင်းတွင် lead ဂစ္တာသမား နှင့် ဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။
မကျော်ကြားခင်က ကြည့်မြင်တိုင် The Professional တီးဝိုင်း၊ စန္ဒယားချစ်မောင်၏ Double Agent တီးဝိုင်များတွင်လည်း lead ဂစ်တာသမားအဖြစ်တီးခတ်ခဲ့ဖူးပြီး အနောက်တိုင်းခေတ်ပေါ်တေးများ စတင်လာခဲ့သည့်ခေတ်ဦးတွင်ပင် ထူးထူးချွန်ချွန်တီးခတ်နိုင်သော ဂစ်တာသမားအဖြစ် အသိမှတ်ပြုခံခဲ့ရသည်။
အဆိုတော်ဘဝ
အတီး၊ အဆို၊ အေရး၊ သရုပ်ဆောင် စသည့် အနုပညာ လုပ်ငန်းစုံ လုပ်ခဲ့ရာ တွင် တေးသံရှင် အဖြစ် နှင့် အကျော်ကြားဆုံး ဖြစ်ခဲ့ပြီး နိုင်ငံကျော်သီချင်းများစွာကိုသီဆိုခဲ့သည်။ ဥဩတေးသံသွင်း နှင့် စာချုပ်ချုပ်ဆိုက ဂီတေတးစု မ်ားစြာကို ဖန်တီးထုတ်လုပ်ခဲ့သည်။ ရန်ကုန်သားလေးကျွန်တော်ပါ သီချင်းဖြင့် တောရောမြို့ပါအောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ကိုပြန်ခဲ့မယ်၊ မိုးစက်တင်လေ၊မအေးကိုချစ်လို့ပါ၊ လူပျောက်ကြော်ငြာ၊ နီနီညိုညိုကိုကို၊ ဆရာမ၊ ကံ့ကော်မြို့တော်၊ အေဖ၊ အချစ်ရှုံးသမားဒဿဂီရိ၊ အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ စသည့်သီချင်းများအပြင် များစွာသော တေးအယ်လ်ဘမ်များ ထွက်ရှိခဲ့သည်။ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူဖြစ်သောကြောင့် မြန်မာသံတေးများသာမက ဓမ္မတေးများစွာကိုလည်း သီဆိုခဲ့သည်။ တကိုယ်တော် တေးစီးရီးများ သာမက အခြားအဆိုတော်များနှင့် တွဲဖက်တေးစီးရီးများ၊ ရုပ်ရှင်တေးများ၊ ကာရာအိုကေ တေးစီးရီးများစွာတို့ကို သီဆိုခဲ့သည်။ The King တေးဂီတအဖွဲ့နှင့်အတူ စင်မြင့်ဂီတ ဖျော်ဖြေပွဲ မ်ားစြာ ကိုလည်း သီဆိုခဲ့သည်။
တေးရေးဆရာဘဝ
လွှမ်းမိုးသည် တေးသီချင်းပေါင်းများစွာကိုလည်း ရေးသားခဲ့သူ ဂီတစာဆိုတဦးဖြစ်သည်။ မိမိသီဆိုရန်သာမက အခြားအဆိုတော်များအတွက်လည်း လက်ရာမြောက် တေးများ သီကုံးပေးခဲ့သည်။ နိုင်ငံကျော် အဆိုတော်ကြီး စိုင်းဆိုင်မောဝ်၏ နာမည်ကျော် တေးတပုဒ်ဖြစ်သည့် တရွာသားနဲ့ ပဝါပါး သီချင်း မွာ လွှမ်းမိုး၏ လက်ရာများထဲမှ တခုဖြစ်သည်။
သီချင်းပုံစံ
သီဆိုခဲ့သော သီချင်း ပုံစံမ်ားမွာ ၁၉၆၀ပြည့်နှစ်များ၏ နှစ်လယ် (၁၉၆၅) မွ ၁၉၇၀ ပြည့်နှစ်များကြား ဝါရှင်တန်ဒီစီတွင်ပေါ်ပေါက်ရေပန်းစားခဲ့သည့် Funk ၏မျိုးကွဲဖြစ်သော Go-go ပုံစံ ၊ ၁၉၂၀ ပြည့်နှစ်များတွင် အမေရိကတောင်ပိုင်း၌ ပေါ်ထွန်းခဲ့သော Country ပုံစံဖြစ်ပြီး အနောက်တိုင်းဂီတအနေဖြင့် အောင်မြင်စကာလမှ နောက်ဆုံးအချိန်အထိအများဆုံး ဆိုသွားခဲ့သော ပုံစံမွာ ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘား၌ပေါ်ပေါက်အောင်မြင်ခဲ့သော Cha-cha-cha ပုံစံနှင့် ၁၉၁၄ နှစ်များတွင် အေမရိက၌ စတင်ရေပန်းစားခဲ့သော Foxtrot ပုံစံဖြစ်သည်။ ထိုနှစ်မျိုးလုံး Dance ဂီတအုပ်စုတွင်ပါဝင်သည်။ လွှမ်းမိုးသည် မြန်မာသံစဉ်ပုံစံ တေးသီချင်းများကိုလည်း သီဆိုခဲ့သည်။
သီချင်းအကြောင်းအရာ
လွှမ်းမိုး၏ သီချင်းများတွင် ဇာတ်လမ်းကို ပြောပြသည့် ပုံစံ သီချင်းများစွာ ပါဝင်သည်။ ဥပမာ – ကိုပေါ (ရေး စောဘွဲ့မှူး)၊ ပဲပြုတ်သည်မထား (ကိုယ်တိုင် ရေးဆို) အေးပုံကိုလွမ်းတယ် (ကိုယ်တိုင် ရေး ဆို)၊ တရွာသားနဲ့ ပုဝါပါး (ဆို စိုင်းဆိုင်မောဝ်)။
လက်တွေ့ကြုံကြိုက်ရသည့် ဘဝ အဖြစ်အပျက် အတွေ့အကြုံများကို ထင်ဟပ် ရေးသားထားသော သီချင်းများလည်း ပါဝင်နေသည်။ ဥပမာ – ဆရာမ သီချင်းတွင် ငယ်စဉ် ကျောင်းသား မောင်စိုးစိုး ဘဝ ဂီတဝါသနာပါခဲ့ပုံ၊ လွှမ်းမိုးဟုခေါ်သည် သီချင်းတွင် သူငယ်ချင်းများနှင့်ဘဝ၊ ပင်စီ သီချင်းတွင် အိမ်ထောင်ရေး ဘဝ တစိတ်တပိုင်း အကြောင်း၊ နီနီညိုညို သီချင်းတွင် တောင်ငူမြို့မှ မိတ်ဆွေ အမွှာ ညီအမ အကြောင်း မ်ားကို စပ်ဆိုထားသည်ကို တွေ့နိုင်သည်။
လွှမ်းမိုး၏ သီချင်းများမှာ ခေတ်၊ စံနစ် ကိုလည်း ထင်ဟပ်လျက်ရှိသည်ကိုတွေ့ရသည်။ ဥပမာ ဆရာမ သီချင်း တွင် ကေလးငယ္တဦး ဂီတ ဝါသနာပါခြင်းကို ပြစ်မှုကြီးတခုသဖွယ် သေဘာထား ပြစ်ဒဏ်ချမှတ်ခဲ့သည့် ညံ့ဖျင်းလှသော မြန်မာ့ ပညာရေးစနစ်ကို လေ့လာ တွေ့ရှိနိုင်သည်။ တရွာသားနဲ့ ပုဝါပါး သီချင်းတွင် ထိုခေတ်က မန္တလေး မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း တပိုင်းတစကို မြင်ရနိုင်သည်။ ပဲပြုတ်သည် မထား သီချင်း မွ အောက်ခြေ လူတန်းစားတို့ဘဝ၊ အေးပုံကိုလွမ်းတယ် သီချင်းမှ လူတန်းစား ကွဲပြားနေခြင်းများတို့ကိုလည်း လေ့လာသိရှိနိုင်သည်။
လက်တွေ့ဆန်ဆန် သီချင်းများ အပြင် စိတ်ကူးယာဉ် တေးများစွာကိုလည်း သီဆိုခဲ့သူဖြစ်သည်။ တေးရေး နေမျိုးဆေး ၏ ကြယ်ကြွေညတိုင်းဆုတောင်းမယ် သီချင်းကို သီဆိုရာတွင် စိတ်ကူးယာဉ် ကမ္ဘာတခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားရအောင် သီဆိုနိုင်သူဖြစ်သည်။ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့သီချင်းတွင် ရှေးခေတ်ဟောင်း ကို ရောက်ရှိသွားသည့်အလား ထင်ရလေသည်။
အတွေးအခေါ်ပါသည့် သီချင်းများကိုလည်း သီဆိုခဲ့ရာ ဂုဏ် သီချင်း တွင် ငွေကို မက်မော ဂုဏ်တင်ကြသူတို့ ကို နမူနာပြ၍ လူ့ဘဝ တန္ဖိုးအမွန္က မည်သည်ဖြစ်သည်ကို တေးချစ်သူတို့ အတွက် စဉ်းစားစရာ ပုစ္ဆာတပုဒ် ယူလာပေးထားလေသည်။
လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းအောင် ဆွဲဆွဲငင်ငင် သီဆိုရာတွင် ဆရာတဆူ ဖြစ်သော်လည်း ပေါ့ပေါ့ ပါးပါး တေးသီချင်းများစွာ ကိုလည်း သီဆိုထားခဲ့သည်။ လွှမ်းမိုးဟုခေါ်သည် ရပ်ကွက်ထဲမှာဒီလိုပဲ စေသာ သီချင်းများမှာ ပေါ့ပါး ရွှင်လန်းဖွယ် တေးများ ဖြစ်သည်။
ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင်ဘဝ
လွှမ်းမိုးသည် ဂီတနယ်ပယ်တွင်သာမက သရုပ်ဆောင်တွင်လည်း ထူးချွန်သူဖြစ်ခဲ့သည်။ ဦးဆုံးပါဝင်သည့် ပန်းသီတဲ့ကြိုး ဇာတ်ကားတွင် ပီပြင်သောသရုပ်ဆောင်မှုများကြောင့် အကယ်ဒမီရမည်ဟုပင်ထင်ကြေးပေးခံခဲ့ရသည်။
ကက်ဆက်ဇာတ်လမ်းအသံမင်းသားဘဝ
ကက်ဆက်ဇာတ်လမ်းများတွင်လည်း အသံဖြင့်သရုပ်ဆောင်ခဲ့သည်၊ သူသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်မှာ ဝတ္ထုဆွေဆွေအောင် ဇာတ်ညွှန်းဒါရိုက်တာစိန်ဝင်း(ဘူမိဗေဒ)၊ အသံသရုပ်ဆောင် ရုပ်ရှင်မင်းသမီးမြင့်မြင့်ခိုင်တို့ပါဝင်သော မာနမင်းသား အမည်ရှိကက်ဆက်ဇာတ်လမ်းဖြစ်သည်။
ထွက်ရှိခဲ့သော တေးစုများ
ဤစာရင်းသည် မပြည့်စုံသေးပါ။ သင်မှ ဖြည့်စွက်ရေးသားခြင်းဖြင့် ကူညီနိုင်ပါသည်။
ရန်ကုန်သားလေး ကျနော်ပါ (မွှေး-ရုပ်ရှင်၊ တက္ကသိုလ်မေသော် တို့နင့် တွဲဖက်)(၁၉၇၅) မူပိုင် စိုးစံတေးသံသွင်း
မေအးကိုခ်စ္လို့ပါ (ဇင်မ နှင့် တွဲဖက်၍) (၁၉၇၇) သီရိလင်္ကာတေးထုတ်လုပ်ရေး
မနှင်းဆီ အပါအဝင်တေးသစ် ၁၆ (၁၉၇၉)
ကားပြိုင်ပွဲ (မို့မို့မြင့်အောင် နှင့်တွဲဖက်၍)(၁၉၈၀)
ပြောပါရစေ (၁၉??)
ဟင်္သာတို့ရဲ့နန်းတော်ရှေ့ တေးရေး အကော်ဒီယံအုန်းကျော် လွှမ်းမိုး စောဘွဲ့မှူး နိုင်မြန်မာ ရွှေတိုး ဆူး ကိုကိုအောင်(တောင်ကြီး) (၁၉၈၆) မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ရွှေဥဩတေးသံသွင်း
ဆရာမ (၁၉၈၀)
ပျော်တာပေါ့ အမေရယ် (မို့မို့မြင့်အောင် နှင့်တွဲဖက်၍) (၁၉၈၁) ရွက်ဝါ တေးသံသွင်း
ပြောပါရစေ (၁၉၈၂)
ကျွန်တော် နှင့် လွှမ်းမိုး – တေးရေး နေဇော်အောင် ကျော်ကြားခဲ့သောတေးများ (၁၉၈၂) မူပိုင် နေဝန်းနီ
သျှီ (သို့) သစ်ခုတ်သမားရဲ့လွမ်းချင်း (၁၉၈၃) (ဥဩမောင်မောင် ဥဩတေးသံသွင်း)
မိုးစက်တင်လေ (၁၉၈၄) (ဥဩမောင်မောင် ဥဩတေးသံသွင်း)
တေးပုလဲ ၈၅ မူပိုင် ဦးလှသွင်
မန်းမြို့သူဇာမေ (မြတ်ဝတ်ရည်နှင့်) (၁၉၈၆) (ရွှေဥဩ၊ နှင်းပုလဲ)
ပွဲကြိုက်ခင် (၁၉၈၆) ဥဩမောင်မောင် ရွှေဥဩတေးသံသွင်း ကြည်သာ
ဂန္ထဝင်ရုပ်ရှင်တေးများ (သန်းနိုင် သိန်းတန် ခင်မောင်ထူး ကိုင်ဇာ ပုလဲ စိမ်းမို့မို့ မေဆွိ မေခလာ မေရွက်ဝါ တို့နှင့် တွဲဖက်၍) (၁၉??) ဥဩမောင်မောင် ရွှေဥဩတေးသံသွင်း ကြည်သာပွဲကြိုက်ခင်
နှလုံးသားဟစ်ကြွေးသံများ (စိုင်းထီးဆိုင် ကိုင်ဇာ ဂျက်မြသောင်း ကော်နီ တို့နှင့်တွဲဖက်၍) (၁၉၈၆) မူပိုင် အနုရာဓ တေးထုတ်လုပ်ရေး၊ ဖြန့်ချိရေး ဒဂုံ တေးသံသွင်း
ကျွန်တော်တင်တဲ့ရွှေမင်းသမီး (၁၉၈၇) ပွင့်အနုပညာ ရွှေဥဩ
မောင်မေးမယ်မေ (၁၉၈၈) ဥဩတေးသံသွင်း
ချစ်ကြိုးမဲ့လေတံခွန် (၁၉၈၉) အနုရာဓဖြန့်ချိရေး ဒဂုံတေးသံသွင်း
ဂုဏ် (၁၉၉၀) ဥဩမောင်မောင်
ဖြေ (၁၉၉၀) ဥဩမောင်မောင်
ရွှေခြည်ငွေခြည်ပိုးကြိုးသီ (မာမာအေး နှင့်တွဲဖက်၍)(၁၉၉၁) မူပိုင် တင်ဝင်း ဖြန့်ချိရေး ရွှေဥဩ
ရေဒီယိုကမ္ဘာ (ခင်မောင်ထူး မေဆွဲ တို့နှင့် တွဲဖက်၍) (၁၉??) မင်္ဂလာစိန် တေးသံသွင်း
မဟာဒဏ္ဍာရီ (၁၉၉၂)
အဝိဇ္ဇာ၏ပြယုဂ်များ (၁၉၉၃) တေးပုလဲကိုဘမြင့် နတ်သျှင်နောင်
တစ်ဆောင်းသစ်ပြန်ပြီ (၁၉၉၃) မူပိုင် နှင်းပုလဲ ဖြန့်ချိရေး လှိုင်း
ဆောင်းနှင်းမြူနဲ့ကိုယ့်ချစ်သူ (တွံတေးသိန်းတန် ၏ သီချင်းများအား ပြန်လည်ခံစားသီဆိုမှု) (၁၉၉၃) မူပိုင် မြနန္ဒာ ဖြန့်ချိရေး လှိုင်း
ဂန္ထဝင်မှတ်တိုင်များ (၁၉၉၃)
ကြည်နူးဖွယ်မင်္ဂလာတေးသီဖြာ (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၁၉၉၃)
ပန်းနုနှင်းဆီ (၁၉၉၅)
မေ့အချစ်မြား (၁၉၉၆) တေးရေး မြို့မငြိမ်း၊အေဝမ်းဆရာညှာ၊စန္ဒရားချစ်ဆွေ၊ကိုလေးညွန့်၊မောင်လွမ်းဝေ၊ကိုသက်ဦး၊မောင်ကြေးမုံ မူပိုင် ရာမ (ပန်းရည်ဘဏ်တိုက်တေးထုတ်လုပ်ရေး) ဖြန့်ချိရေး မနီလာ (ချိုကြည်သာ တေးသံသွင်း)
ကြည်နူးဖွယ်အကောင်းဆုံးဓမ္မတေးသီချင်းများ (၂၀၀၀)
နှလုံးသားကိုနီကာ (၂၀၀၀)
စိတ်တိုင်းကျဖြစ်ရစေ့မယ်ကိုသိပ်ခက် (စိုးစန္ဒာထွန်းနှင့်တွဲဖက်၍)(၂၀၀၀)
ရွှေပန်းရည်ဘဏ်တိုက်(၁) (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၂၀၀၀)
ငွေရတုမှတ်တမ်း(၁) (၂၀၀၀)
ငွေရတုမှတ်တမ်း အကောင်းဆုံးတေး(၂)(၂၀၀၁)
ငွေရတု အကောင်းဆုံးတေးများ(၃) (၂၀၀၁)
ငွေရတုအကောင်းဆုံးတေးများ (၄) (၂၀၀၁)
စိတ်ကြိုက်လက်ရွေးစင် (၂၀၀၁)
ဒေဝစ္ဆရာ (ဇော်ဝမ်း သုမောင် ရန်အောင် နောင် ရာမ စိုးအောင် နီနီဝင်းရွှေ တို့နှင့်တွဲဖက်၍) (၂၀၀၁) မူပိုင် ဇင်အောင်၊ ဖြန့်ချိရေး ချိုကြည်သာ
တိတ္တခိုးခ်စ်သူ (၂၀၀၂)(သိန်းတန်(မြန်မာပြည်)၏တေးသီချင်းများကို ပြန်လည်သီဆိုထားသည်)
ပရိသတ်ချစ်သောတေးများ (၁) (နေဝန်းနီ တေးသံသွင်း)
ပရိသတ်ချစ်သောတေးများ(၂)
လက်ရွေးစင် (မူရင်း)
လက်ရွေးစင်တေး
လက်ရွေးစင်တေးများ
လက်ရွေးစင်တေးများ – ၂
ကော်ဖီဆိုင်အိပ်မက်
အလှူရှင် (ချိုပြုံးနှင့် တွဲဖက်၍) မူပိုင် ရွက်ဝါ မန္တလေး
ကျောင်းပြေးချစ်သူ (မေရွက်ဝါ နှင့်တွဲဖက်၍)
တိတ္တခိုးခ်စ်သူ (နုနု Excellent Creation)
အကောင်းစားသင်္ကြန် (အခြားအဆိုတော်ကိုးဦးနှင့်အတူ) (၁၉??) ချိုကြည်သာ တေးသံသွင်း
မင်းသားလေးသင်္ကြန် (အခြားအဆိုတော်ခြောက်ဦးနှင့်အတူ) (၁၉??)
မင်းလိုလူစားအများကြီး (မွှေး၊ ရွှင်ပြုံး တို့နှင့်တွဲဖက်၍) (၁၉??)
ရင်ထဲကဟစ်ကြွေးသံ (ကိုင်ဇာ ထူးအိမ်သင် နေမျိုးဆေး တို့နှင့် တွဲဖက်၍) (၁၉??) လှိုင်း တေးသံသွင်း
ကြိုးကြာမောင်နှံ (နီနီဝင်းရွှေနှင့်တွဲဖက်) တေးရေး စိန်မောင်မြင့်
မြန်မာသံစဉ် တေးစုများ
ပြင်ဆင်ရန်
ပွဲကြိုက်ခင် (၁၉၈၆)
ကျွန်တော်တင်တဲ့ရွှေမင်းသမီး (၁၉၈၇)
ချစ်ကြိုးမဲ့လေတံခွန် (၁၉၈၉)
ဂုဏ် (၁၉၉၀)
ရွှေခြည်ငွေခြည်ပိုးကြိုးသီ (မာမာအေး နှင့်တွဲဖက်၍)(၁၉၉၁)
အဝိဇ္ဇာ၏ပြယုဂ်များ (၁၉၉၃)
တစ်ဆောင်းသစ်ပြန်ပြီ (၁၉၉၃)
ဆောင်းနှင်းမြူနဲ့ကိုယ့်ချစ်သူ (တွံတေးသိန်းတန် ၏ သီချင်းများအား ပြန်လည်ခံစားသီဆိုမှု) (၁၉၉၃)
ဂန္ထဝင်မှတ်တိုင်များ (၁၉၉၃)
ကြည်နူးဖွယ်မင်္ဂလာတေးသီဖြာ (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၁၉၉၃)
မေ့အချစ်မြား (၁၉၉၆)
ကြည်နူးဖွယ်အကောင်းဆုံးဓမ္မတေးသီချင်းများ (၂၀၀၀)
စိတ်တိုင်းကျဖြစ်ရစေ့မယ်ကိုသိပ်ခက် (စိုးစန္ဒာထွန်းနှင့်တွဲဖက်၍)(၂၀၀၀)
ရွှေပန်းရည်ဘဏ်တိုက်(၁) (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၂၀၀၀)
စိတ်ကြိုက်လက်ရွေးစင် (၂၀၀၁)
ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ
ပြင်ဆင်ရန်
ပန်းသီတဲ့ကြိုး (နေအောင်၊ ခင်သီတာထွန်း) ဒါရိုက်တာဝင်းဖေရိုက်ကူးပြီး ၁၉၈၅ ရုပ်ရှင်ထူးချွန်ဆုအတွက်အမျိုးသားဇာတ်ဆောင် အမျိုးသမီးဇာတ်ဆောင် အမျိုးသမီးဇာတ်ပို့ဆုများရခဲ့သည်
ဒုစရိုက်သားကောင် (စမ်းပပအောင်) (ကျော်ဟိန်းစီစဉ်သည်)
နွေဦးရောက်ပြီကိုကို (ရန်အောင်၊ မေဝင်းမောင်)
ခေါင်းနဲ့ပန်း (ကျော်ဇေယျ၊ တင်တင်ညို)
ကြင်နာမယ် ယုယမယ် မြတ်နိုးမယ် (မေသန်းနု)
မေတ္တာသံစဉ်တေး (နွဲ့နွဲ့မူ၊ ချစ်ချစ်ဇော်)
ဖေဖေ့သားနဲ့မေမေ့သမီး (ခင်သန်းနု) ၁၉၈၈
နောင်အင်းလေး ( …..? )
လူကြမ်း (ဒါရိုက်တာလွှမ်းမိုး၊ တွဲဖက်သရုပ်ဆောင် ချိုပြုံး)
လေပွေအဝှေ့မှာဖြင့် (………..?) ဒါရိုက္တာ မိုက္တီး
ပန်းပန်လျက်ပါမဗေဒါ (ကျော်သူ၊ ချစ်ချစ်ဇော်)
အလင်းရောင်ပေါ်ပြီ မရီ (တင့်တင့်ထွန်း) ဒါရိုက္တာ စန္ဒာအောင်သိန်း
ကိုးကား
ဝီကီပီးဒီးယား
Zawgyi
ငယ္ဘဝ
ပညာရေး
မိသားစုဘဝ
ဘဝနိဂုံ
ဂီတဘဝ
အတီးသမားဘဝ
အဆိုတော်ဘဝ
တေးရေးဆရာဘဝ
သီချင်းပုံစံ
သီချင်းအကြောင်းအရာ
ပြောပါရစေ (၁၉??)
ဆရာမ (၁၉၈၀)
ပြောပါရစေ (၁၉၈၂)
ဖြေ (၁၉၉၀) ဥဩမောင်မောင်
မဟာဒဏ္ဍာရီ (၁၉၉၂)
ပန်းနုနှင်းဆီ (၁၉၉၅)
ငွေရတုမှတ်တမ်း(၁) (၂၀၀၀)
လက်ရွေးစင် (မူရင်း)
လက်ရွေးစင်တေး
လက်ရွေးစင်တေးများ
လက်ရွေးစင်တေးများ – ၂
ကော်ဖီဆိုင်အိပ်မက်
ပြင်ဆင်ရန်
ပွဲကြိုက်ခင် (၁၉၈၆)
ဂုဏ် (၁၉၉၀)
မေ့အချစ်မြား (၁၉၉၆)
ပြင်ဆင်ရန်
နောင်အင်းလေး ( …..? )
ကိုးကား
ဝီကီပီးဒီးယား