အုန်းနှဲကကိုလှဆွေတို့ အုန်းဆွဲခံရ

ကဝမြို့နယ်၊ အုန်းနှဲနယ်မြေရဲစခန်း ဂိတ်ပေါက်ကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ အုန်းနှဲနယ်မြေရဲစခန်း ဂိတ်ပေါက်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Kawa People Defense Force – KAWA PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက် ည ၉ နာရီခန့်က ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ အုန်းနှဲ နယ်မြေရဲစခန်းရှေ့ ဂိတ်ပေါက်အနီး၌ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ ရဲ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ရဲစခန်းအတွင်းရှိ ရဲများက အော်ဟစ်ဆဲဆို၍ သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သပြေညို မြို့ပြ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အခြေ အနေ အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

“သေ၊ မသေတော့ အတည်ပြုလို့မရသေးဘူးဗျ၊ ထိခိုက်ဒဏ်ရာရတာကတော့ အတည်ပြုလို့ရတယ်၊ မိုင်းဆွဲခံရတဲ့သတင်းကို စစ်ခွေးတွေက လိုက်ဖုံးနေတယ်၊ အွန်လိုင်းတင်တဲ့သူတွေကိုလည်း လိုက် ဖမ်းနေတယ်၊ အခုလောလောဆယ် ပြည်သူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိထားရတယ်” ဟု Kawa People Defense Force – KAWA PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မိဘပြည်သူများအနေဖြင့် နိုင်ငံအနှံ့အပြား၌ မြို့ပြ၊ တောတွင်း စစ်ရေးအရှိန်အဟုန် မြင့်တက်လျက်ရှိ သဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ၎င်းတို့၏ ထောက်တိုင်များနှင့် နီးကပ်စွာနေထိုင် သွားလာခြင်း လုံးဝ (လုံးဝ)မပြုလုပ်ကြရန် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*