တေတာကလွဲပြီးဘာမှမြဖစ်ပါစေနဲ့

ရေဖြူရှိ မောရဝတီရေတပ်ဌာနချုပ်နှင့် ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာ၌ အခြေစိုက်ထားသော မောရဝတီ ရေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိ ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက် နံနက် ၈ နာရီခန့်က မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒရုန်း (Drone) ဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ ဌာနချုပ်မှူး အိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် သေဆုံးမှုနှင့်ပျက် စီးမှုများရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ရေတပ်ထဲက ဌာနချုပ်မှူး အိမ်အနီးကို ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲတယ်။ ဌာနချုပ် မှူးက လည်း ဒီကိုပြောင်းလာတာမကြာသေးဘူး။ ကျန်တဲ့ ဗုံးသီး တွေက ရေတပ်ထဲက နေရာတော်တော် များ များကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ဌာနချုပ်အထဲကို လာကျတာအလုံးရေ တော့များတယ်။ ဌာနချုပ်တစ်ခုလုံးလည်း ဗြောင်းဆန်သွားတာပဲ”ဟု ရေတပ်ဌာနတွင်းရှိ သတင်းရင်းမြစ်က ပြော ကြားသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်အတွင်းမှ ပြည်သူ များနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ ၄ ၊ KBDFတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင် စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိ‌‌ သော်လည်း အရေအတွက်အတိအကျသိရှိနိုင်ရန် စုံးစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲ ထားရာ နေရာ များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Kloud Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကော့ကရိတ်မြို့ နယ်၊ ၉၇ လက်နက်ကြီးကုန်း၊ တောင်ပေါ်ကျောင်း၊ အမှတ် ၃ ဂိတ်၊ ရွာသစ်လမ်းဂွ၊ အကြမ်းဖက်စစ် ကောင်စီတပ်သားများ အထိုင်ချရာ ဘုရားကျောင်း၊ ရေကူးကန်၊ စကခ ၁၂ လက်နက်ကြီးကုန်း၊ ညောင်ပင်ဂိတ် နှင့် လှိုင်ဝ လက်နက်ကြီးကုန်းတို့ကို ဒရုန်းဖြင့် ဗုံး ၂၇ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် Justice Soldier PDF Drone တပ်ခွဲ နှင့် SOF တပ်ဖွဲ့များမှ မြေပြင်တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ပြီး Kloud တပ်ဖွဲ့မှ KLOUD – V3 လေယာဥ်ငယ်နှင့် KLOUD DC လေယာဥ် ငယ်များ ဖြင့်လည်းကောင်း၊ Justice Soldier PDF drone တပ်ခွဲ၊ Shar Htoo Waw နည်းပညာဖြင့် Kloud ဒရုန်းတပ်ဖွဲ့များမှ မောင်းသူမဲ့ လေ ယာဉ်များဖြင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *