မြန်မာပြည်သူတွေ ထောက်ခံတဲ့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ
++++++++++++++++++
ဒီဇင်ဘာ ၁၉
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်ဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရွေးချယ်ရေးဆုံးဖြတ်ချက်ကို မနှစ်ကလည်း အခုလို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ၂၀၂၀ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုကြောင်း မိန့်ခွန်းပြောဆိုခဲ့ပြီးနောက် လက်ရှိမှာ NUG အစိုးရကိုယ်စားပြု ဆောင်ရွက်နေတာဖြစ်ပါတယ်။