သင့်ကလေးရဲ့ ဘဝမှာအောင်မြင်စေဖို့ အရေးကြီးတဲ့အချက် (၃) ချက်

မိဘတိုင်းက သားသမီးတွေကို အောင်မြင်ပျော်ရွှင်တဲ့ ဘဝကိုပဲ ပေးချင်ကြတာပါပဲ။ အကောင်းဆုံး ဆိုတဲ့ အရာတွေကို သားသမီးတွေရဖို့ ကြိုးစားကြပါတယ်။ သားသမီးတွေရဲ့ ဘဝမှာ အောင်မြင်မှု ရစေဖို့အတွက် အဓိကအချက် (၃) ချက်က မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒီအချက် (၃) ချက်ကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးသွားပါမယ်နော်။

၁။ လူအများနှင့် ပေါင်းသင်းဆက်ဆံရေး

Penn State နဲ့ Duke တက္ကသိုလ်က သိပ္ပံပညာရှင်တွေက အမေရိကန်နိုင်ငံက ကလေး ၇၀၀ကို ကလေးဘဝအရွယ်ကနေ အသက် ၂၅ နှစ်အရွယ်အထိ စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့ ငယ်ရွယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးတွေက အသက် ၂၅ နှစ်မှာ ကောလိပ်လည်းပြီး၊ အလုပ်လည်းရ၊ အခြားနေရာတွေမှာလည်း အောင်မြင်တာကို တွေ့ခဲ့ရပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတွေက ပဋိပက္ခတွေကို ရှောင်ကြဉ်တတ်ပြီး အခြားသူတွေရဲ့ ခံစားချက်ကိုလည်း လေးစားကြပါတယ်။

အဲဒါကြောင့် အောင်မြင်မှုဆိုတာ အလုပ်ကိုပဲ ရည်ရွယ်တာမဟုတ်ဘဲ လူမှုဆက်ဆံရေးကောင်းတာကလည်း အောင်မြင်မှု တစ်ခုပါပဲ။ လူမှုဆက်ဆံရေးကောင်းရင် မိသားစု၊ သူငယ်ချင်းနဲ့ သမီးရည်းစားတွေ ကြားမှာတောင် မခက်ခဲနိုင်တော့ပါဘူး။

၂။ဆုံးဖြတ်ချက်ချခိုင်မာခြင်း

အောင်မြင်မှုအတွက် အရေးကြီးဆုံး အချက်တစ်ခုက ရည်မှန်းချက်ရှိခြင်းနဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် စွဲစွဲမြဲမြဲ လုပ်တာဖြစ်ကြောင်း အမေရိကန်လူမျိုး စိတ်ပညာရှင်နဲ့ စာရေးဆရာ Angela Duckworth က ပြောပါတယ်။

သူက စစ်တက္ကသိုလ်တစ်ခုက အရာရှိလောင်းတွေ၊ ဆရာတွေ၊ ကျောင်းသားတွေကို အောင်မြင်ဖို့ ဘာတွေ လုပ်သလဲ ဆိုတာကို စောင့်ကြည့်ပါတယ်။ အောင်မြင်ဖို့အတွက် ဩဇာအာဏာ၊ အလှတရား၊ ဉာဏ်ရည်ဉာဏ်သွေးတွေထက် စိတ်စွမ်းအင်က ပိုအရေးကြီးကြောင်း တွေ့ခဲ့ရပါတယ်။

ဘေးစကားတွေရဲ့ ထိုးနှက်မှုကို ကြံ့ကြံ့ခံ့ပြီး စိတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားသူက အောင်မြင်မှုနဲ့မဝေးကြောင်း ကလေးတွေကို ငယ်ငယ်ကတည်းက ပြောပြထားသင့်ပါတယ်။

၃။ တီထွင်ဉာဏ်

တီထွင်ဉာဏ်၊ ဖြတ်ထိုးဉာဏ်က ဘဝမှာ ကြုံလာတဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေတွေ၊ ပြဿနာတွေကိုတောင် ပြေလည်သွားအောင် ကူညီပေးနိုင်ပါတယ်။ ကြုံလာတဲ့ ပြဿနာတွေကို ဖြတ်ထိုးဉာဏ်နဲ့ ဖြေရှင်းလိုက်ရင် အောင်မြင်မှု တစ်ဝက်ပဲ လိုတော့တာပါ။

အဲဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။

Zombie (lovemedia)

for zawgyi

သင့္ကေလးရဲ႕ ဘဝမွာေအာင္ျမင္ေစဖို႔ အေရးႀကီးတဲ့အခ်က္ (၃) ခ်က္

မိဘတိုင္းက သားသမီးေတြကို ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ ဘဝကိုပဲ ေပးခ်င္ၾကတာပါပဲ။ အေကာင္းဆုံး ဆိုတဲ့ အရာေတြကို သားသမီးေတြရဖို႔ ႀကိဳးစားၾကပါတယ္။ သားသမီးေတြရဲ႕ဘဝမွာ ေအာင္ျမင္မႈ ရေစဖို႔အတြက္ အဓိကအခ်က္ (၃) ခ်က္က မျဖစ္မေန လိုအပ္ပါတယ္။ အဲဒီအခ်က္ (၃) ခ်က္ကို ဒီေန႔မွာ love media ကေန ေဖာ္ျပေပးသြားပါမယ္ေနာ္။

၁။ လူအမ်ားႏွင့္ ေပါင္းသင္းဆက္ဆံေရး

Penn State နဲ႔ Duke တကၠသိုလ္က သိပၸံပညာရွင္ေတြက အေမရိကန္ႏိုင္ငံက ကေလး ၇၀၀ကို ကေလးဘဝအ႐ြယ္ကေန အသက္ ၂၅ ႏွစ္အ႐ြယ္အထိ ေစာင့္ၾကည့္ေလ့လာ ခဲ့ၾကပါတယ္။ ရလဒ္အေနနဲ႔ ငယ္႐ြယ္စဥ္ကတည္းက ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့ ကေလးေတြက အသက္ ၂၅ ႏွစ္မွာ ေကာလိပ္လည္းၿပီး၊ အလုပ္လည္းရ၊ အျခားေနရာေတြမွာလည္း ေအာင္ျမင္တာကို ေတြ႕ခဲ့ရပါတယ္။

လူမႈဆက္ဆံေရးေကာင္းတဲ့ ကေလးေတြက ပဋိပကၡေတြကို ေရွာင္ၾကဥ္တတ္ၿပီး အျခားသူေတြရဲ႕ ခံစားခ်က္ကိုလည္း ေလးစားၾကပါတယ္။ အဲဒါေၾကာင့္ ေအာင္ျမင္မႈဆိုတာ အလုပ္ကိုပဲ ရည္႐ြယ္တာမဟုတ္ဘဲ လူမႈဆက္ဆံေရးေကာင္းတာကလည္း ေအာင္ျမင္မႈ တစ္ခုပါပဲ။ လူမႈဆက္ဆံေရးေကာင္းရင္ မိသားစု၊ သူငယ္ခ်င္းနဲ႔ သမီးရည္းစားေတြ ၾကားမွာေတာင္ မခက္ခဲႏိုင္ေတာ့ပါဘူး။

၂။ဆုံးျဖတ္ခ်က္ခ်ခိုင္မာျခင္း

ေအာင္ျမင္မႈအတြက္ အေရးႀကီးဆုံး အခ်က္တစ္ခုက ရည္မွန္းခ်က္ရွိျခင္းနဲ႔ ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္ စြဲစြဲၿမဲၿမဲ လုပ္တာျဖစ္ေၾကာင္း အေမရိကန္လူမ်ိဳး စိတ္ပညာရွင္နဲ႔ စာေရးဆရာ Angela Duckworth က ေျပာပါတယ္။ သူက စစ္တကၠသိုလ္တစ္ခုက အရာရွိေလာင္းေတြ၊ ဆရာေတြ၊ ေက်ာင္းသားေတြကို ေအာင္ျမင္ဖို႔ ဘာေတြ လုပ္သလဲ ဆိုတာကို ေစာင့္ၾကည့္ပါတယ္။

ေအာင္ျမင္ဖို႔အတြက္ ဩဇာအာဏာ၊ အလွတရား၊ ဉာဏ္ရည္ဉာဏ္ေသြးေတြထက္ စိတ္စြမ္းအင္က ပိုအေရးႀကီးေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ေဘးစကားေတြရဲ႕ ထိုးႏွက္မႈကို ႀကံ့ႀကံ့ခံ့ၿပီး စိတ္ခိုင္ခိုင္မာမာနဲ႔ ႀကိဳးစားသူက ေအာင္ျမင္မႈနဲ႔မေဝးေၾကာင္း ကေလးေတြကို ငယ္ငယ္ကတည္းက ေျပာျပထားသင့္ပါတယ္။

၃။ တီထြင္ဉာဏ္

တီထြင္ဉာဏ္၊ ျဖတ္ထိုးဉာဏ္က ဘဝမွာ ႀကဳံလာတဲ့ မျဖစ္ႏိုင္ဘူးဆိုတဲ့ အေျခအေနေတြ၊ ျပႆနာေတြကိုေတာင္ ေျပလည္သြားေအာင္ ကူညီေပးႏိုင္ပါတယ္။ ႀကဳံလာတဲ့ ျပႆနာေတြကို ျဖတ္ထိုးဉာဏ္နဲ႔ ေျဖရွင္းလိုက္ရင္ ေအာင္ျမင္မႈ တစ္ဝက္ပဲ လိုေတာ့တာပါ။ အဲဒါေၾကာင့္ ကေလးေတြကို ငယ္စဥ္ကတည္းက စဥ္းစားေတြးေခၚတတ္တဲ့ အေလ့အက်င့္ေကာင္းေတြ ပ်ိဳးေထာင္ေပးဖို႔ အေရးႀကီးပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *