မန္တလေး နန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
++++++++++++++++
ဒီဇင်ဘာ ၂၁
မန္တလေးမြို့၊ နန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ မနက်အစောပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship(NMD-PDF) တို့က တရားဝင်ထုတ်ပြန်ထားပါတယ်။
မန္တလေး၊ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် ၂ နာရီခွဲအချိန်ခန့်မှာ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့ပြီး မြို့ပြ အထူးစစ်ဆင်ရေး Urban Special Operation (U.S.O) က မန္တလေး၊ နန်းတွင်းထဲ တပ်စွဲထားတဲ့စစ်တပ်ကို တာဝေးပစ် ၁၀၇ မမ နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးကို Brave Warriors For Myanmar (BWM) ကူညီပံ့ပိုးမှုနဲ့ No More Dictatorship(NMD-PDF) ၊ Security & Special Task Force(SSTF-MDY) ၊ ပြင်ဦးလွင်ခရိုင် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Brave Warriors For Myanmar (BWM) ကတော့ မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ရာအဆောင်၊ လပခ တိုင်းမှူးနဲ့ ဒု-တိုင်းမှူးအဆောင်တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က မန္တလေးနဲ့ စစ်ကိုင်းအဝင်အထွက်များကို တင်းကျပ်စွာ ပိတ်ဆို့ စစ်ဆေးနေပြီး စစ်ကိုင်းနှာပေါက်(ခေါ်) စစ်ကိုင်းတံတားအတက်မှာ ဆိုင်ကယ်များနဲ့ ကားများကို အထူးစစ်ဆေးနေတယ်လို့ မန္တလေးကင်းထောက် အဖွဲ့များဆီက သိရပါတယ်။