လမ်းကောင်းကောင်းပြလေ လမ်းဘေးခိုးအိပ်နေပြန်ပြီ

ပေါင်းတည်မှာ စစ်ကောင်စီလမ်းပြ ပစ်ခတ်ရှင်းလင်းခံရ၊ နေရာမှာတင် ပွဲချင်းပြီးသေ

ဒီဇင်ဘာ၊ ၂၁

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို၊ ကျောက်တံခါးအုပ်စု၊ ကျောက်တံခါးရွာမှာနေထိုင်တဲ့ စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်နေသူ အမျိုးသားတစ်ဦးကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ (၂) မှ အသိပေး ထုတ်ပြန်လာပါတယ်။

ပေါင်းတည်အခြေစိုက် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ (၂) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၇နာရီမှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားမှာ သိမ်ကုန်းရွာ တာဝါတိုင် စစ်ကောင်စီအထိုင်စခန်းသို သတင်းပိုရန်အသွား သိမ်ကုန်းရွာနှင့် ကျောက်တံခါးရွာကြားမှာ သေနတ်ဖြင့် နှစ်ချက်ခန့် ပစ်ခတ်ရှင်းလင်းခံလိုက်ရတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“နှစ်ချက်စလုံး ရင်ဘတ်ကိုထိသွားတာ၊ သူက တောင်ယာလုပ်ငန်း လုပ်တဲ့သူပါ၊ သူတောင်ယာထဲက တဲကနေ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ လုပ်တာကိုင်တာကြည့်ပြီး စစ်တပ်ကိုသတင်းပို့ပို့နေတာ” လို (၃၆၀၁ PPDF) တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြား တာဝန်ခံက မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းပြီး နောက်မှာတော့ ၎င်းထံမှ ငွေကျပ် ၁၀၈၄၅၀ ကျပ်၊ မှတ်ပုံတင်၂ခု၊ ဓား အတို ၁ချောင်း၊ အရှည် ၁ချောင်း ၊ စစ်ကောင်စီနှင့် အဆက်သွယ်လုပ်ထားတဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *