ယနေ့ ကြာသပတေးနေ့(၂၁.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၁၊ ၂၀၂၃ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3440 – 3490
ဥရောပယူရို 3690 – 3800

ဗြိတိသျှစတာလင်ပေါင် 4250 – 4380
သြစတြေးလျဒေါ်လာ 2260 – 2340

ဂျပန်ယန်း 23.50 – 24.30

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.40 – 41.80
စင်ကာပူဒေါ်လာ 2550 – 2610

မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 470 – 490
ထိုင်းဘတ် 97.00 – 99.30

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3680,000 – 3690,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3480,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့က ရွှေဈေးသည် 3710,000 – 3720,000 ကျပ်ဝန်းကျင်ဖြင့် စဖွင့်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ကျပ် 3690,000 – 3700,000 ကျပ်သို့ တဖြည်းဖြည်း ပြန်ကျသွားခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3668,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2035 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် ဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်သည်ဟု ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *