သယ်မနိုင်တော့ဘူး မူးမြစ်ထဲပစ်ချကုန်ပြီ

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို မူးမြစ်ထဲ စွန့်ပစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံးပြီး သေဆုံးသွားသော စစ်သား အလောင်းများကို မူးမြစ်ထဲ စွန့်ပစ်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ဒုတပ် ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဖျက်ဆီးရန် စစ်ကိုင်းတပ်မ ၃၃ ခြေတော်ရာဘုရားအနီးရှိ တပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့်သည် ညောင်ပင်ဝန်းရဲစခန်း၌ ရောက်ရှိနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို မူးမြစ်ထဲ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းတပ်မ ၃၃ က ခွေးတွေရယ်၊ ခြေတော်ရာတပ်က ခွေးတွေပေါင်းပြီးတော့ ၆၀ လောက်အင် အားဖြည့်ထားတာ၊ ပျူတွေလည်းပါတယ်၊ သူတို့က ဂိတ်ထွက်ပြီး ပြည်သူတွေဆီက ပိုက်ဆံကောက် တယ်၊ ရတဲ့ပိုက်ဆံကို သောက်စားမူးရူးပြီး အုံလိုက်ကျင်းလိုက်စုနေတဲ့အချိန်မှာ ဗုံးကျဲခဲ့တာ၊မနက် ခင်း ၅ နာရီနဲ့ ၆ နာရီကြားလောက်မှာ ဗုံးကျဲခံရလို့ သေဆုံးသွားတဲ့ အလောင်းတွေကို ကားပေါ်တင် ပြီး ထုတ်တယ်၊ ပြီးတော့ မူးမြစ်ထဲသွားမျှောပစ်လိုက်တာ၊ ဗုံးဆံမှန်လို့ ရင်ဘတ်တွေမှာ အပေါက် တွေ၊ မျက်နှာစုတ်ပြတ်သတ်နေတာတွေ တွေ့ရတယ်၊” ဟု ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ဒုတပ် ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ ၁၈၄၄ မှ ဦးဆောင်၍ ကျောက်ဆည် ခရိုင် တပ်ရင်း -၁ (နဂါးနီတပ်ရင်း)၊ ပူးပေါင်းမဟာမိတ်ဒရုန်းတပ်ဖွဲ့ နှင့် နယ်မြေခံ ပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ကား ၃ စီးဖြင့် အင်အား ၇၀ ခန့် ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *