မူဆယ် ၁၀၅ မှ စစ်ဘေးရှောင်လာသည့် ပြည်သူများကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များက ဘေးကင်း လုံခြုံရာနေရာကို လိုက်ပါ ပို့ဆောင် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မှ စစ်ဘေးရှောင်လာသည့် ပြည်သူများကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များက ဘေးကင်း လုံခြုံရာနေရာသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း MNDAA တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရှမ်းပြည်နယ် အထူးဒေသ ၁ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေး တိမ်းရှောင်လာသူများကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ဘေး တိမ်းရှောင်လာသူ ၂၃ ဦးသည် မူဆယ် ၁၀၅ မိုင်တွင် နေထိုင်ပြီး တာမိုးညင်းဘက်ကို တိမ်းရှောင် လာကာ တာမိုးညင်း၌ စစ်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အောက်ပြည်ဘက်ကို ဆက်လက် ထွက်ခွာလိုသည့် အတွက်ကြောင့် ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။