မန်းလေးအကောင်ကြီး၂အမီးရှည်၂ တစ်ကောင်ကိုငရဲပို့(ရုပ်သံ)

မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ထုတ်ပြန် (ရုပ်/သံ)

+++++++++++++++++++++++++

ဒီဇင်ဘာ ၂၂ ရက်

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦးသေဆုံးသွားတယ်လို့ Brave Warriors for Myanmar (BWM) က နောက်ဆက်တွဲအဖြစ် သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန် မန္တလေး၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းကြောင်း၊ မြို့ပြ အထူးစစ်ဆင်ရေး Urban Special Operation (U.S.O) ကမူ မန္တလေး၊ နန်းတွင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တာဝေးပစ် ၁၀၇ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းမစ်ရှင်ကို Brave Warriors For Myanmar (BWM) ရဲ့ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Security & Special Task Force(SSTF-MDY) နှင့် ပြင်ဦးလွင်ခရိုင် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ အဆောင်သို့ ထိမှန်ပေါက်ကွဲခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှ ရာထူးကြီး တစ်ဦး သေဆုံးခဲ့ပြီး ၊ သေဆုံးသူအမည်နှင့်ရာထူးကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အမျိုးသမီး စစ်သည်အဆောင်သို့ ထိမှန်ပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါအဆောက်အဦးနှင့် စစ်သည်အချို့ ထိခိုက်မှု များ ရှိခဲ့ကြောင်း၊ အခြားဒဏ်ရာရရှိသူများ အများအပြားလည်း ရှိကြောင်း Brave Warriors for Myanmar (BWM) ကဆိုတာပါ။

စစ်ကောင်စီက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတဲ့အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့် ရှော့ဒုံးပစ်သည်ဟု ၎င်းတို့ယူဆတဲ့ နေရာရှိ နီးစပ်ရာ ရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင် အား၂၀၀ ခန့်ဖြင့် ဝင်ရောက်လာပြီး ပြည်သူများနှင့် ကျောင်းသားလေးများကို တစ်အိမ်ဆင်း တစ် အိမ်တက်အဓမ္မစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *