ဂန့်ဂေါမြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ တောင်သာတွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw – CDF KKG ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ အနောက်တောလေးကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရန် ထွက်ခွာလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို CDF – KKG တပ်ရင်း ၄ တပ်ဖွဲ့ဝင်များနှင့် ဂန့်ဂေါမြို့နယ် (ပ.က.ဖ)တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်များ အထိခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီခန့်က တောင်သာမြို့နယ်၊ ပဲခင်းကြီးကျေးရွာ ဘုန်းကြီးကျောင်း ၌ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသောနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာတိုက်ခိုက်ရေး ဒရုန်းများဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။