ပျော်ပွဲစားထွက်လာသလားထင်ရတယ်(ရုပ်သံ)

လောက်ကိုင်မြို့နယ်၊ စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီက တပ်ကူစေလွှတ်ထားသော တပ်မ ၅၅ မှ စစ်သားရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကွမ်ယင်တောင်ရှိ စစ်ကောင်စီတပ်စခန်း၊ စွမ်းဖုန့်ထာစခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်စခန်းတို့ကို သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ရာဂဏန်းနီးပါး အများအပြား လက်နက်ချ အညံ့ခံကြသဖြင့် MNDAA က ဆေးကုသမှု ပေးမှု အပါအဝင် စောင့်ရှောက်မှုများ လုပ်ဆောင်ပေးကြောင်း၊ အဆိုပါ လက်နက်ချ အညံ့ခံသော တပ်များမှာ ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်ကြောင်း သိရှိရသည်။

“အခု MNDAA က သိမ်းလိုက်တဲ့ ကွမ်ယင်တော်စစ်စခန်းက လောက်ကိုင် ဒကစနဲ့ အတော်ကို နီးနေပြီ” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လောက်ကိုင်မြို့ရှိ ထင်ပါကျိုင်းပြည်သူ့စစ်ခန်းကိုလည်း MNDAA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *