ကောင်းရာမွန်ရာရောက်ကြပါစေ ကြယ်လေးတွေ

မင်းတပ်၊ ထီးလင်းနှင့် မတူပီ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ချင်းပြည်နယ် မင်းတပ်မြို့နယ် မတူပီမြို့နယ်နှင့် မကွေးတိုင်း ထီးလင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat ထံမှ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့ထိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး တိုင်းပြည်နှင့် လူမျိူးအတွက် အသက်ပေးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် မင်းတပ်မြို့အတွင်း ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မတူပီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ထယ်ဘွေးစခန်းရှိ စခန်းကုန်း ၂ ခုကို CDF-Mindat ၊ CNDF ၊ CDF-Mutupi ၊ CDF-Loutu ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး တစ်နေကုန် တိုက်ပွဲပြင်းထန်ကာ ည ၈ နာရီခန့်တွင် CDF-Mindat မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း ၂ ခုကို ပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး၊ အထက ကျောင်း၊ ရန်အောင်စေတီခကင်းစခန်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) အနေဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော် ဆောင်နိုင်ရေး အတွက် လက်ရှိ ပြုလုပ် လျက်ရှိသည့် Project Mindat 2024 ကမ်ပိန်းကို ပြည်သူများ အနေဖြင့် ပါဝင် အားဖြည့် ကူညီပေးနိုင်ကြောင်း မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *