ရဲသားကြီးကကိုလှရွှေ တောင်းရမ်းရာတွင် ဂန့်လို့နေ(ရုပ်သံ)

မုံရွာမြို့ စက်မှု ၂ ရှိ အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှု ၂ ရှိ အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း မုံရွာနတ်ဆိုးတပ်ရင်း-မုံရွာ ခရိုင်တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် မုံရွာမြို့ စက်မှု ၂ ဇီဇဝါလမ်းအနီး အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့တွေက အင်အား ၁၂ ယောက်နဲ့ ပိုက်ဆံတောင်းတာ ကျွန်တော်တို့က သတင်းအရ ဝင်ပစ်တာ ရဲခွေး ၃ ကောင် နေရာတင် လဲကျသွားပါတယ်။ ၂ ကောင်ကတော့ သေချာပေါက် သေဆုံးပါတယ်။ ၁ ကောင်က သေမသေ မသိရပ ကားထဲမှာကျန်ခဲ့တဲ့ ရဲခွေးတွေလည်း သေမသေ မသိခဲ့ရဘူး” ဟု မုံရွာနတ်ဆိုးတပ်ရင်း-မုံရွာ ခရိုင်တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၃ Aung San Generation နှင့် မုံရွာခရိုင် တပ်ရင်း ၂၂ နတ်ဆိုး တပ်ရင်းမှ ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *