အရှက်ကြောင့် အလင်းဝင်လာသူ

ပေါက်မြို့နယ်၊ ကုက္ကိုစုရွာမှ ပျူစောထီး ၁ ဦး လက်ပစ်ဗုံးနှင့် ကျည်မျိုးစုံ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာမှ ပျူစောထီး ၁ ဦး လက်ပစ်ဗုံးနှင့် ကျည်မျိုးစုံ ယူဆောင်လာပြီး အလင်းဝင်လာ​ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် ငြိမ်းဇော်မင်းသည် ၅.၅၆ ကျည် ၆၇ တောင့် ၊ ကာဘိုင်ကျည် ၃၀ တောင့် ၊ AK ကျည် ၁ တောင့် ၊ G3 ကျည် ၂ တောင့် ၊ 4.8 ကျည် ၁၆ တောင့် ၊ လက်ပစ်သီး ၁ လုံးတို့ ယူဆောင်လာပြီး မြိုင် ပကဖ ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ပျူစောထီး ငြိမ်းဇော်မင်းသည် စစ်ကောင်စီ တပ်သားများ၏ နှိပ်စက်မှုများ ၊ ပျူစောထီး ခေါင်းဆောင်များ၏ အနိုင်ကျင့်မှုများ​၊ PDF တပ်ဖွဲ့များ၏ စစ်ရေးအသားစီးရမှုများကို မြင်လာပြီး ပြည်သူကို နှိပ်စက်နေရသည်ကို ရှက်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော ပျူစောထီး ငြိမ်းဇော်မင်းကို ကျင့်ဝတ်များနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး နောက်ထပ် မည်သည့် ပျူစောထီး ၊ စစ်ကောင်စီတပ်သား ၊ ရဲတပ်သားများကိုမဆို ပြည်သူထံအလင်းဝင်ရောက် လာပါက နွေးထွေးစွာကြိုဆိုလျက် အသက်အာမခံချက်ပေးပြီး စားဝတ်နေရေး ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *