ထိုင်းကနာမည်ကြီး 2D 3D ပေးတယ်ဆိုတဲ့ ရွှေညောင်ပင်မှ (၁၇) ကြိမ်မြောက် ဒိုင်ပြေး တစ်ကွက် ပေးလိုက်တဲ့ ရုပ်သံ

ထိုင်းမှာ အမြဲနာမည်ကြီးနေတဲ့ 2D 3D ပေးတယ်ဆိုတဲ့ ထူးဆန်းတဲ့ ရွှေညောင်ပင်မှ သိန်း၁ဝဝတန် ဒိုင်ပြေးနံပတ် အထင်ရှားပေးပြန်ပြီ ရုပ်သံဖိုင်ကိုအောက်ဆုံးမှာ တင်ပေးထားပါတယ်

ထူးဆန်းတဲ့ ရွှေညောင်ပင်မှ အပတ်တိုင်းလို ဂဏန်းများပေးနေပီး ချဲဂဏန်း ၃ လုံး ၊ ၂ လုံး ကိုအထင်အရှားပေးသည်ဟုဆိုကာ လူအများ လာရောက် ပူဇော်ပသနေကြပါတယ်

အခု တလောထိုင်းမှာ အထူးအဆန်းဆိုရင် ချဲဂဏန်းတောင်းကြ တဲ့ပို့စ် အတော်များများကို မြင်တွေ့နေရတယ်

အူဒွန်ထာနီ ( Udont hani ) ခရိုင် ဖိန်မြို့ နယ် ( Phen ) ၊ ဘန့်ထတ်ကျေးရွာအုပ်စု နားဖွန်ဆတ်ကျေးရွာသား အသက် ၉၄ နှစ်အရွယ် နိုင်ဒီးရဲ့ ဓာတ်ပုံများ

အရ လယ်ကွင်းစပ်မှာပေါက်နေတဲ့ သက်တမ်းနှစ် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ညောင်ပင်အောက်မှ နောက်ထပ်ညောင်ပင်ရဲ့ အရွက်အားလုံးဟာ

ရွှေရောင်လိုဝင်းပနေပြီး အရောင် ၄ မျိုးပြောင်းသည်ဟု ဆိုပါတယ်

ပထမမှာတော့ ပန်းရောင် ၊ နောက်တော့ဖက်ဖူးရောင် ၊ အဲ့ဒီမှတဆင့်အဝါရောင် ၊ နောက်တော့အဖြူရောင်သို့ပြောင်းပြိး ယခုလိုဘဲ ရွက်ဟောင်းရွက်နုလဲသည်အထိပါဘဲ

တစ်ခါတစ်ရံမှာ ညောင်ရွက်မှာ သင်္ချာဂဏန်းတွေထင်ရှားစွာ မြင်တွေ့ကြရတာမို့ အနီးအနားကဒေသခံတွေဟာ သတင်း ကြားပြီးညောင်ပင်ကို လာရောက်ပူဇော်ကြပသကြပါတယ်

ပြီးခဲ့တဲ့အပတ်တွေကချဲဂဏန်း ကိုလည်း ဒီညောင်ပင်ကရခဲ့ကြတယ်လ်ု့ဆိုပါတယ် ။ ယခုလည်း စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဒီရွှေညောင်ပင်ကနေ 3d ဂဏန်း ကိုရခဲ့ပြန်ပါပီ

ယခုလည်း ဟုတ်မဟုတ် စောင့်ကြည့်ရပါတော့မည်။

ညနေအတွက် ညောင်ပင်ကပေးသော သုံးလုံးဂဏန်းဖြစ်တဲ့ “275 ” ကိုမြင်တွေ့ကြသလို

တချို့လည်း “216” နဲ့ “716” ကိုလည်း မြင်ရတယ်ဆိုပါတယ်

သတင်းထောက်တွေနဲ့ဒေသခံပြည်သူတွေ ခြေချင်းလိမ်နေကြပါတယ် ၊ ဒေသခံတွေ ကတော့ အမွှေးတိုင်တွေ ထွန်းညှိပူဇော်ပသကြပါတယ်

ဒီရွှေညောင်ပင် ကနေ ပထမဆုံး ဂဏန်း ကိုရခဲ့ပြီး ပေါက် ခဲ့တဲ့ သူကတော့ လယ်ပိုင်ရင်နိုင်ဒီးရဲ့ သားမက်နဲ့သမီးတို့ဘဲ ဖြစ်ကြပါတယ် လို့ ဆိုပါတယ်

ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည်

ရုပ်သံကြည့်ရန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *