သနားစရာလေး ရုပ်သံဖိုင်လေးနားထောင်ကြည့်ကြအုန်း

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်က ဒဏ်ရာကြောင့် စွန့်ပစ်ထားခဲ့တဲ့ စစ်သားကို MNDAA က ကယ်ဆယ် ကုသပေး၊ စစ်ကောင်စီကို စိတ်နာပြီး MNDAA ကိုကျေးဇူးတင်ဟု ဒဏ်ရာရ စစ်သားပြောဆို(ရုပ်သံ)

ရန်ကုန်| ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အထိနာပြီး ပြန်လည်ဆုတ်ခွာချိန် ထားရစ်ခဲ့တဲ့ ဒါဏ်ရာရစစ်သား ၁ဦးကို ကိုးကန့်တပ် MNDAAက ကယ်ဆယ်ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ တပ်မ၉၉လက်အောက်ခံတပ်ဖွဲ့နဲ့ ညီနာင်မဟာမိတ်တပ်ဖွဲ့တွေ မုံးကိုးခရိုင် ၊နန်ခုန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားချိန် အဆိုပါ စစ်သားဟာ ဒါဏ်ရာကြောင့် ကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီစစ်သားဟာ ပေါက်ကွဲမှုကြောင့် ပေါင်မှာ ဒါဏ်ရရှိခဲ့ပြီး စစ်တပ်က ပြန်လည်မခေါ်ဆောင်သွားဘဲ ရက်ပေါင်းများစွာ အစာငတ်နေချိန် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့က ကိုးကန့်တပ်တွေက တွေ့ရှိပြီးကယ်ဆယ်ခဲ့တာလို့ ကိုးကန့်ပြန် ကြားရေးမီဒီယာက ဆိုပါတယ်။

သူဟာ အသက်၄၂နှစ် အရွယ် ဆေးတပ်သား၁ဦးဖြစ်ပြီး စစ်ကောင်စီတပ်မ(၉၉)လက်အောက်ခံအထူးတပ်ရင်း၁၅မှာ တာဝန်

ထမ်းဆောင်နေသူလို့ ကိုးကန့်တပ်တွေဘက်ကဆိုပါတယ်။

” ကျွန်တော်ခေါ်တယ်၊ ကျွန်တော့်ကို ကယ်ပါအုံး၊ မထားခဲ့ပါနဲ့အုံးပြောချိန် အကုန်ပြေးကုန်တယ်၊ ကျွန်တော်တယောက်တည်းဆင်းလာရတယ်။ မကူညီဘူး တယောက်မှမကူညီဘူး ဟိုဟာဖြစ်တဲ့ကောင်တွေ” လို့ ကိုးကန့်တပ်ကယ်ဆယ်ထားတဲ့ ဒါဏ်ရာရစစ်ကောင်စီစစ်သားက ကိုးကန့်မီဒီယာက ထုတ်ပြတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားတာတွေ့ရပါတယ်။

MNDAAတပ်တွေရှိရာကို သိပေမယ့် မလာရောက်နိုင်ဘဲ ၈ ရက်လောက်အစာငတ်နေခဲ့ရတယ်လို့သူကပြောဆိုပါတယ်။

စွန့်ပစ်ထားခဲ့တဲ့ စစ်ကောင်စီတပ်ကို စိတ်နာပြီး ကယ်ဆယ်ကုသပေးတဲ့ ကိုးကန့်တပ်တွေကို ကျေးဇူးတင်တယ်လို့လည်း သူကပြောဆိုသွားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *